K Drama

■ ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားတဲ့ ကိုရီးယားဇာတ်လမ်းတွဲများ (၃)

– – – K Drama ကို ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ နှစ်သက်ကြပါတယ်။ အခုဖော်ပြမယ့် ဇာတ်လမ်းတွဲဟာ …

ကိုရီးယားဇာတ်လမ်းတွဲတွေဟာ လက်ရှိမှာ ကမ္ဘာအနှံ့က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပြီး ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

11. Moonlight Drawn by the Clouds (2016)


(၁၉)ရာစု ဂျိုဆန်းခေတ်က လူငယ်တွေရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ Park Bo Gum နဲ့ Kim Yoo Jung တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာပါ။

 

12. My Weightlifting Fairy Kim Bok-Joo (2016)


တက္ကသိုလ်ကျောင်းသားဘဝကို ခံစားရမှာဖြစ်ပြီး ဝိတ်မတဲ့ ကောင်မလေးနဲ့ ရေကူးတဲ့ကောင်လေးတို့အကြားက အချစ်ဇာတ်လမ်းကို ဖန်စီဆန်ဆန်ခံစားရမှာဖြစ်ပြီး Lee Sung Kyung နဲ့ Nam Joo Hyuk တို့က အဓိက သရုပ်ဆောင်ထားတာပါ။

 

13. Descendents of the Sun (2016)


ဗိုလ်ကြီးနဲ့ ဆရာဝန်မလေးတို့ကြားက အချစ်ဇာတ်လမ်းကို ခံစားရမှာပါ။ Song Joong Ki နဲ့ Song Hye Kyo တို့ အဓိက သရုပ်ဆောင်ထားပြီး စစ်ဘေးရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုမှာ အခက်အခဲတွေကို ရင်ဆိုင်ရင်း ဖြစ်တည်လာတဲ့ အချစ်အကြောင်းကို တွေ့ရမှာပါ။

 

14. Goblin: The Great and Lonely God (2017)


သေဖို့တောင့်တနေပေမဲ့ မသေနိုင်တဲ့ မှင်စာတစ်ကောင်ရဲ့ ဇာတ်လမ်းပါ။ အဲဒီနောက် အချစ်နဲ့တွေ့ပြီးနောက်မှာ မှင်စာနဲ့ သူ့ချစ်သူ ကောင်မလေးရဲ့ Ro တာကို ဖန်စီလည်းဖြစ်အောင် ရိုက်ကူးထားပြီး Gong Yoo နဲ့ Kim Go Eun တို့က အဓိက သရုပ်ဆောင်ထားပါတယ်။

 

15. Strong Woman Do Bong Soon (2017)


စွမ်းအားရှင်ကောင်မလေးရဲ့ ဇာတ်လမ်းဖြစ်ပြီး ခပ်ချောချောဘောစီတစ်ယောက်ရယ်၊ သူ ငယ်ငယ်က Crush ခဲ့ရတဲ့ ကောင်လေးရယ် သူတို့ရဲ့အချစ်ဇာတ်လမ်းနဲ့ စွမ်းအားရှင်ကောင်မလေးရဲ့ စွမ်းဆောင်မှုတွေကို မြင်ရမှာပါ။ Park Bo Young၊ Park Hyung Sik နဲ့ Jisoo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။

 

16. SKY Castle (2019)


ကိုရီးယားလူကုံထံတွေရဲ့ သူတို့ကလေးတွေကို အကောင်းဆုံးတက္ကသိုလ်မှာ ကျောင်းထားဖို့ ကြိုးစားကြတာကို ပုံဖော်ထားတာပါ။ ၂၀၁၉ ရဲ့ အကျော်ကြားဆုံးဇာတ်လမ်းဖြစ်ပြီး ကိုရီးယားလူကုံထံတွေရဲ့ ဘဝအစစ်အမှန်ကို ပုံဖော်ထားတာပါ။

 

17. VAGABOND (2019)


Lee Seung Gi နဲ့ Suzy တို့ အဓိကသရုပ်ဆောင်ထားတဲ့ VAGABOND ကို အတွဲ (၂)ထွက်ဖို့တောင် ပရိသတ်တွေ တောင်းဆိုနေကြတာပါ။ ကိုယ်ခံပညာသင်ဆရာတစ်ယောက်ရဲ့ အက်ရှင်စွန့်စားခန်းတွေကို သည်းထိတ်ရင်ဖို့ မြင်တွေ့ရမှာပါ။

Ref: Koreaboo

You cannot copy content of this page