K pop

■ ‘MMA 2021’ မှာ 4 နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖျော်ဖြေမယ့် IU

—- IU ဟာ ‘Melon Music Awards’ ဆုပေးပွဲမှာ မဖျော်ဖြေတာ တော်တော်ကြာပြီဖြစ်ပြီး ဒီနှစ်မှာ တော့ 4 နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖျော်ဖြေမယ်လို့ အတည်ပြုခဲ့ပါတယ်။

IU ဟာ 2021 ခုနှစ် ‘Melon Music Awards’ ဆုပေးပွဲမှာ သူမရဲ့ နောက်ဆုံးထွက်ထားတဲ့ Single Song “Strawberry Moon” ကို ဖျော်ဖြေမယ်လို့ သိရပါတယ်။

‘Melon Music Awards’ ရဲ့ ဖော်ပြချက်အရ IU ဟာ အထူး စတိတ်ဖျော်ဖြေမှုကို ပြုလုပ်မှာဖြစ်ပြီး အသက်ကိန်းဂဏန်း 20 ကုန်ခါနီးနဲ့ 30 အစကို ကူးပြောင်းတဲ့ Theme ပုံစံဖျော်ဖြေမှုကို လှစ်ဟပြ မယ်လို့ သိရပါတယ်။

IU ဟာ ‘Melon Music Awards’ ဆုပေးပွဲ နောက်ဆုံးဖျော်ဖြေမှုအနေနဲ့ 2017 ခုနှစ်တုန်းက ဖျော်ဖြေခဲ့ တာပါ။ အဆိုပါ ဆုပေးပွဲမှာ IU ဟာ Best Album of the Year ဆု၊ Best Song Writer ဆုနဲ့ Top 10 Artists at Melon Music ဆုတို့ကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ 2017 ခုနှစ်မှာ IU ဟာ “Palette” နဲ့ “A Flower Bookmark 2” သီချင်းတို့ကို ထုတ်လွှင့်ခဲ့တာလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page