K pop

■ ‘International Collaboration of the Year’ ဆုကို ရရှိခဲ့တဲ့ BTS နဲ့ Cold Play ရဲ့ ‘My Universe’

—- BTS နဲ့ Cold Play တို့ Collaboration လုပ်ထားတဲ့ ‘My Universe’ ဟာ 2021 NRJ Music Awards မှာ ‘International Collaboration of the Year’ ဆုကိုရရှိခဲ့ပါတယ်။

BTS နဲ့ Cold Play တို့ဟာ ‘My Universe’ သီချင်းကို စက်တင်ဘာလ 24 ရက်နေ့က စတင်ထုတ်လွှင့် ခဲ့တာဖြစ်ပြီး စတင်ထုတ်လွှင့်ပြီးကတည်းက များစွာသော Music Chart မှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့ ကြပါတယ်။

NRJ Music Awards ဟာ ပြင်သစ် Radio Station NRJ ရဲ့ Showcase တစ်ခုဖြစ်ပြီး ကမ္ဘာ့နာမည် ကြီး Radio Station တွေထဲက တစ်ခုအပါအဝင်အဖြစ်ပါတယ်။ 2021 NRJ Music Awards ဟာ နိုဝင် ဘာလ 22 ရက်နေ့မှာ BTS နဲ့ Cold Play တို့ Collaboration လုပ်ထားတဲ့ ‘My Universe’ ဟာ ‘International Collaboration of the Year’ ဆုကို ရရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

BTS အဖွဲ့အနေနဲ့ NRJ Music Awards မှာ နှစ်ကြိမ်မြောက်ရရှိတဲ့ ဆုတစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page