Celebrity

■ ဂျူမုံရဲ့သား(၃)ယောက်ထဲက အကြီးဆုံး Daehan မှာ ကောင်မလေးရှိနေပြီလို့ Minguk ဖွင့်ဟ

– – – Minguk ရဲ့ဖွင့်ဟမှုကို Daehan ကတော့ …

ဂျူမုံလို့ လူသိများတဲ့ နာမည်ကျော်မင်းသားကြီး Song Il Kook ဟာ သူတို့ရဲ့ သုံးမွှာပူးသားတွေဖြစ်တဲ့ Daehan, Minguk နဲ့ Manse တို့ ဘယ်လို ဖြတ်သန်းနေတယ်ဆိုတာကို ပြသခဲ့ပါတယ်။ KBS ရုပ်သံရဲ့ ‘The Return of Superman’ အစီအစဉ် (၈)နှစ်ပြည့်မှာ Daehan, Minguk နဲ့ Manse တို့က ဆုတောင်းစကားတွေနဲ့ သူတို့ ဘယ်လိုဖြတ်သန်းနေတယ်ဆိုတာကို ပြောဆိုခဲ့တာပါ။

ဗီဒီယိုမက်ဆေ့ချ်မှာ အငယ်ဆုံးလေး Manse ကစတင်ပြီး “မင်္ဂလာပါ။ Song Manse ဖြစ်ပါတယ်။ (၁၀)နှစ်ရှိပါပြီ” လို့ ဆိုခဲ့ပြီး အခု ဘယ်လိုဖြတ်သန်းနေကြသလဲဆိုလို့ မေးမြန်းတဲ့အခါ Minguk က Daehan ကို တိုးတိုးလေး “ဟေး Daehan မင်းရဲ့အချစ်ရေးကို ကြည့်ရှုသူတွေကို ငါတို့ ပြောလိုက်ရင် ဘယ်လိုလဲ”လို့ ကပ်မေးခဲ့ပါတယ်။

ဒါပေမဲ့ Daehan ကတော့ Minguk ရဲ့စကားကို မကြားယောင်ဆောင်ပြီး “ကျွန်တော် အဆင်ပြေပါတယ်။ ကျောင်းသွားတယ်။ လုပ်စရာ ရှိတာတွေ လုပ်တယ်။ ဒီလောက်ပါပဲ။ ထွေထွေထူးထူး မရှိပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

Minguk ကတော့ “ကစားကွင်းမှာ တွေ့ကြမယ်လို့ ဘော်ဒါတွေကို ကျွန်တော် ကတိပေးထားတယ်။ ဒါပေမဲ့ ကျွန်တော် ကတိမတည်နိုင်တာ တစ်ကြိမ်တောင်မဟုတ်ဘဲ နှစ်ကြိမ်တောင်ဗျာ။ ကျွန်တော် ကတိပျက်ရတာကလည်း COVID-19 ကပ်ဘေးကြောင့်ပါ။ အဲဒီရောဂါပိုး မြန်မြန်ပျောက်သွားဖို့ မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

Manse ကလည်း “ကျွန်တော်လည်း အဆင်ပြေပါတယ်။ ‘The Return of Superman’ မှာတောင် ပြန်ပါချင်သေးတယ်”လို့ ပြောဆိုခဲ့ရာမှာတော့ ဖအေဖြစ်သူ Song Il Kook က ရယ်ပြီး”ရယ်ပြီး မရတော့ဘူး သားရေ။ မင်းတို့ အသက်ကြီးကုန်ပြီ” လို့ ပြောခဲ့လို့ Manse က “အို … ကျွန်တော် အဲလောက်တောင် ကြီးသွားပြီလား”လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့  Song Il Kook ရဲ့ သားသုံးယောက်လုံးဟာ The Return of Superman (၈)နှစ်ပြည့်ကို ဂုဏ်ပြုခဲ့ကြပြီး ကမ္ဘာပေါ်က လူသားတိုင်း ကျန်းမာဘေးကင်းကာ ပျော်ရွှင်ကြဖို့ ဆုတောင်းခဲ့ပါတယ်။

Ref: SBS Star

 

-Zawgyi

■ ဂ်ဴမုံရဲ႕သား(၃)ေယာက္ထဲက အႀကီးဆုံး Daehan မွာ ေကာင္မေလးရွိေနၿပီလုိ႔ Minguk ဖြင့္ဟ

– – – Minguk ရဲ႕ဖြင့္ဟမႈကုိ Daehan ကေတာ့ …

ဂ်ဴမုံလုိ႔ လူသိမ်ားတဲ့ နာမည္ေက်ာ္မင္းသားႀကီး Song Il Kook ဟာ သူတုိ႔ရဲ႕ သုံးမႊာပူးသားေတြျဖစ္တဲ့ Daehan, Minguk နဲ႔ Manse တုိ႔ ဘယ္လုိ ျဖတ္သန္းေနတယ္ဆုိတာကုိ ျပသခဲ့ပါတယ္။ KBS ႐ုပ္သံရဲ႕ ‘The Return of Superman’ အစီအစဥ္ (၈)ႏွစ္ျပည့္မွာ Daehan, Minguk နဲ႔ Manse တုိ႔က ဆုေတာင္းစကားေတြနဲ႔ သူတုိ႔ ဘယ္လုိျဖတ္သန္းေနတယ္ဆုိတာကို ေျပာဆုိခဲ့တာပါ။

ဗီဒီယိုမက္ေဆ့ခ်္မွာ အငယ္ဆုံးေလး Manse ကစတင္ၿပီး “မဂၤလာပါ။ Song Manse ျဖစ္ပါတယ္။ (၁၀)ႏွစ္ရွိပါၿပီ” လုိ႔ ဆုိခဲ့ၿပီး အခု ဘယ္လုိျဖတ္သန္းေနၾကသလဲဆုိလုိ႔ ေမးျမန္းတဲ့အခါ Minguk က Daehan ကုိ တုိးတုိးေလး “ေဟး Daehan မင္းရဲ႕အခ်စ္ေရးကုိ ၾကည့္႐ႈသူေတြကုိ ငါတုိ႔ ေျပာလုိက္ရင္ ဘယ္လုိလဲ”လုိ႔ ကပ္ေမးခဲ့ပါတယ္။

ဒါေပမဲ့ Daehan ကေတာ့ Minguk ရဲ႕စကားကုိ မၾကားေယာင္ေဆာင္ၿပီး “ကၽြန္ေတာ္ အဆင္ေျပပါတယ္။ ေက်ာင္းသြားတယ္။ လုပ္စရာ ရွိတာေတြ လုပ္တယ္။ ဒီေလာက္ပါပဲ။ ေထြေထြထူးထူး မရွိပါဘူး”လုိ႔ ေျပာဆုိခဲ့ပါတယ္။

Minguk ကေတာ့ “ကစားကြင္းမွာ ေတြ႕ၾကမယ္လုိ႔ ေဘာ္ဒါေတြကုိ ကၽြန္ေတာ္ ကတိေပးထားတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ ကတိမတည္ႏုိင္တာ တစ္ႀကိမ္ေတာင္မဟုတ္ဘဲ ႏွစ္ႀကိမ္ေတာင္ဗ်ာ။ ကၽြန္ေတာ္ ကတိပ်က္ရတာကလည္း COVID-19 ကပ္ေဘးေၾကာင့္ပါ။ အဲဒီေရာဂါပုိး ျမန္ျမန္ေပ်ာက္သြားဖုိ႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ ဆုိခဲ့ပါတယ္။

Manse ကလည္း “ကၽြန္ေတာ္လည္း အဆင္ေျပပါတယ္။ ‘The Return of Superman’ မွာေတာင္ ျပန္ပါခ်င္ေသးတယ္”လုိ႔ ေျပာဆုိခဲ့ရာမွာေတာ့ ဖေအျဖစ္သူ Song Il Kook က ရယ္ၿပီး”ရယ္ၿပီး မရေတာ့ဘူး သားေရ။ မင္းတုိ႔ အသက္ႀကီးကုန္ၿပီ”

လုိ႔ ေျပာခဲ့လုိ႔ Manse က “အုိ … ကၽြန္ေတာ္ အဲေလာက္ေတာင္ ႀကီးသြားၿပီလား”လုိ႔ ျပန္တုံ႔ျပန္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့  Song Il Kook ရဲ႕ သားသုံးေယာက္လုံးဟာ The Return of Superman (၈)ႏွစ္ျပည့္ကုိ ဂုဏ္ျပဳခဲ့ၾကၿပီး ကမၻာေပၚက လူသားတုိင္း က်န္းမာေဘးကင္းကာ ေပ်ာ္ရႊင္ၾကဖုိ႔ ဆုေတာင္းခဲ့ပါတယ္။

Ref: SBS Star

You cannot copy content of this page