K pop

■ V ရဲ့ချိုမြိန်တဲ့ Birthday လက်ဆောင်အကြောင်းကို ပြောပြခဲ့တဲ့ Jin

— ဒီဇင်ဘာလ 4 ရက်နေ့က အသက်(28)နှစ်ပြည့်ခဲ့တဲ့ Jin က V ဆီကနေ ချိုမြိန်တဲ့ Birthday လက် ဆောင်ရခဲ့တဲ့အကြောင်းကို Naver V Live Stream မှာ ဖောက်သည်ချခဲ့ပါတယ်။

Jin ဟာ Naver V Live Stream မလွှင့်ခင်မှာ V ထံကနေ ဖုန်းခေါ်ဆိုမှုရခဲ့သေးပြီး ဒီပုံပြင်ပြောမယ်လို့ ပြောခဲ့ပါတယ်။ Live မှာ JIn က အခုလိုပြောခဲ့ပါတယ်။

“ ကျွန်တော်တို့ရဲ့ Taehyung (V)ဟာ အရမ်းကို ကြင်နာတတ်တဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ည (3ရက် နေ့)က ကျွန်တော်တို့ဟာ အရမ်းမိုးချုပ်တဲ့အထိ အလုပ်တွေလုပ်ခဲ့ကြလို့ ပင်ပန်းပြီး အိပ်ချင်ခဲ့ကြပါ တယ်။ ဒါပေမဲ့လည်း ကျွန်တော်ဟာ (4)ရက်နေ့မနက် 1AM အထိ မအိပ်သေးဘဲ စောင့်နေခဲ့တာပါ။

ကျွန်တော့်ဆီ Birthday Wish တွေပို့မယ့်သူတွေကို စောင့်နေတာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့သူငယ် ချင်းတွေဟာ ဒီလို သူတို့ရဲ့မွေးနေ့တွေမှာ မက်ဆေ့ချ်တွေရတာကို တွေ့ဖူးလို့ဖြစ်ပါတယ်။ ကျွန်တော် လည်း ဒီလိုအခြေအနေမျိုးကြုံဖူးချင်တာဖြစ်ပါတယ်။ ကျွန်တော်ကတော့ မက်ဆေ့ချ် (6)ခုသာရခဲ့ပါ တယ်။ အမေရယ်၊ အကိုဆီရရယ်၊ J-Hope အပါအဝင် BTS အဖွဲ့ဝင်နှစ်ဦးဆီကရယ်၊ ငယ်သူငယ်ချင်း တစ်ဦးကရယ်၊ Label အလုပ်သမားတစ်ဦးဆီကရယ်ပါ။ ကျွန်တော် 1 AM ထိ စောင့်ခဲ့ပေမယ့် ဒီမက် ဆေ့ချ်တွေပဲ ရခဲ့ပါတယ်။

မက်ဆေ့ချ်တွေအများကြီးမရခဲ့လို့ ဝမ်းနည်းခဲ့သလို ‘အောင် ငါ ကောင်းကောင်းမွန်မွန်မနေခဲ့ဖူး’လို့ လည်းတွေးမိခဲ့ပါတယ်”

-Jin

ထပ်ပြီးတော့ Jin က မနက်မိုးလင်းမှာတော့ သူ့ကို ဂုဏ်ပြုပေးတဲ့ မက်ဆေ့ချ် (၁၀)စောင်ရခဲ့တယ်လို့ ကြွားခဲ့ပါတယ်။ Jin က “ 1AM မှာ ကျွန်တော် အိပ်ယာမဝင်ခင် အခြား BTS အဖွဲ့ဝင်တွေကို ‘ငါ မနက် 1နာရီအထိ စောင့်ခဲ့ပေမယ့် ငါ့ဆီ ဘယ်သူမှ မက်ဆေ့ချ်မပို့ကြဘူးလို့တော့ ပြောခဲ့ပါတယ်။ အဲဒီအခါ Taehyung က သူ့ Cele သူငယ်ချင်းတွေဆီဖုန်းဆက်ပြီး ကျွန်တော့်ကို Happy Birthday Wish လုပ်ပေးဖို့ ဗီဒီယိုအတိုလေးဖန်တီးပေးခဲ့ပါတယ်။

မက်ဆေ့ချ်တွေမှာ V ရဲ့ သူငယ်ချင်း Park Seo Joon တောင်ပါဝင်ခဲ့ပါတယ်။ နောက်တော့ V ဟာ ဖုန်းနဲ့ ကျွန်တော့်အတွက် ဗီဒီယိုအတိုတွေစုပြီး ပြသလို ‘ကြည့်စမ်း ဟယျောင်း…အကို့ကို ချစ်တဲ့သူ တွေအများကြီးပါ’လို့ ပြောခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Live မှာ V ရဲ့ ကြင်နာမှုကို ကျေးဇူးတင်တဲ့အနေနဲ့ Jin က အမူအရာနဲ့ရော စကားနဲ့ပါ ကျေးဇူးတင် တယ်လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page