K pop

■ EXO Kai နဲ့ Soloist Kai တို့ကြားက ကွဲပြားခြားနားချက်

— EXO Kai နဲ့ Soloist Kai တို့ကြားက ကွဲပြားခြားနားချက်က ဘာဖြစ်မလဲလို့ EXO-L တွေထင်ပါသလဲ…

EXO အဖွဲ့ဝင် Kai ဟာ း MC Baekhyun နဲ့အတူ EXO Kai နဲ့ Soloist Kai တို့ကြားက ကွဲပြားခြားနားချက်က ဘာလဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Kai က သူဟာ EXO အဖွဲ့ဝင်အနေနဲ့ Concept တွေ သီချင်းတွေကို အလွန်နှစ်သက်ကြောင်း စတင် ပြီးပြောခဲ့ပါတယ်။ “ ကျွန်တော်ဟာ EXO ရဲ့ Music တွေကို အလွန်နှစ်သက်သလို ချစ်လည်းချစ်ပါ တယ်” လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ Soloist တစ်ဦးအနေနဲ့ သူ့ရဲ့ မတူတဲ့အခြားပုံစံတစ်ခုကို ထုတ်ဖော်ပြသချင်ခဲ့တယ်လို့ ဆိုပါ တယ်။ တစ်နည်းအားဖြင့်ဆိုရင် Soloist မှာ သူ့ရဲ့ Unique Color ၊ သူ အရမ်းနှစ်သက်တဲ့ Music Style နဲ့ ပုံစံကို ပြသချင်ခဲ့တာလို့ Kai က ပြောခဲ့ပါတယ်။ “ ကျွန်တော့်ရဲ့ Solo Album မှာ ကျွန်တော် အနှစ်သက်ဆုံး Song Style ၊ Dance Style နဲ့ Visual Art တွေ စသဖြင့် ပြသချင်ခဲ့တာဖြစ်ပါတယ်” လို့ Kai က ပြောခဲ့ပါတယ်။

EXO အဖွဲ့ဝင် Kai ဟာ ပရိသတ်တွေကို နှာခေါင်းသွေးထွက်တဲ့အထိ Charismatic Dancing နဲ့ ဖမ်းစားခဲ့သလို Soloist Kai ကတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးပိုဆန်တဲ့ Level တစ်ခုကို ပိုမိုပြသခဲ့တာဖြစ်ပါ တယ်။ ဒါပေမဲ့ EXO Kai ရော Soloist Kai ရော Sexy ကျနေတာတော့ အမှန်ပဲဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page