K pop

■ Dating နဲ့ပတ်သက်လို့ Esquire နဲ့ အင်တာဗျူးမှာ BTS အဖွဲ့ဝင်တွေရဲ့ ဖွင့်ဟချက်

—- Dating နဲ့ပတ်သက်လို့ Esquire နဲ့ အင်တာဗျူးမှာ BTS အဖွဲ့ဝင်တွေရဲ့ ဖွင့်ဟချက်ကို သိချင် ရင်…

မကြာသေးခင်က ကမ္ဘာကျော် လူသား(၇)ယောက်ဟာ Esquire နဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲဒီမှာ Dating နဲ့ ပတ်သက်တဲ့အကြောင်းရယ် သူတို့ရဲ့ Love Life အကြောင်းတွေကို ဖွင့်ဟခဲ့တာပါ။

အင်တာဗျူးမှာ BTS အဖွဲ့ဟာ အကြောင်းအရာမျိုးစုံ မြောက်များစွာပြောခဲ့ပေမယ့် အင်တာဗျူးသူ Dave Holmes က Dating နဲ့ပတ်သက်လို့ မေးတဲ့အခါမှာတော့ BTS အဖွဲ့ဝင်တွေအားလုံးရဲ့ အ ဖြေက “ No” ဖြစ်ပါတယ်။

Jungkook က “ ကျွန်တော်တို့အတွက် အခုအချိန်မှာ အရေးကြီးဆုံးအရာတစ်ခုက အိပ်ဖို့ဖြစ်ပါတယ်” လို့ RS နဲ့ပတ်သက်ပြီး သူတို့မှာ အချိန်မရှိကြောင်းကို ရိုးရှင်းစွာဖြေကြား ခဲ့ပါတယ်။

Suga ကလည်း နောက်ပြောင်ပြီး “ ငါ့ရဲ့ Dark Circles ကို မင်းမြင်နိုင်မလား” လို့လည်း ပြောခဲ့ပါ တယ်။

နောက်ဆုံးမှာတော့ RM က စကားတွေနဲ့ ARMY တွေကို အပြီးချုပ်သွားခဲ့ပါတယ်။

“ ကျွန်တော်တို့ရဲ့ Love Life က …. 24 နှစ်၊ 7 ရက်တစ်ပါတ်…ကို ကမ္ဘာပေါ်က ARMY တွေရဲ့ အချစ်တွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်” လို့ လှပတဲ့စကားတွေနဲ့ ARMY တွေအပေါ် ထားတဲ့ သူတို့ ရဲ့ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page