-UNICODE
– – -ဒီမင်းသား စစ်မှုထမ်းပြီးပြီးချင်းမှာ မနားမနေ ဇာတ်လမ်းတွဲတွေဆီကို ပြန်လာခဲ့ကြတာ…….
ကိုရီးယားမှာ နိုင်ငံဂုဏ်ဆောင် အားကစားသမားတွေကလွဲလို့ အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းဆောင်ကြရပါတယ်။
အနုပညာရှင်တွေအတွက်တော့ အောင်မြင်မှုအရှိန် မြင့်နေချိန်မှာ စစ်မှုထမ်းဆောင်လိုက်ရရင် အရှိန်ကျသွားတတ်တဲ့သဘောရှိပါတယ်။ ဒီမင်းသားတွေကတာ့ စစ်မှုထမ်းဆောင်ပြီးတာနဲ့ မနားတော့ဘဲ ချက်ချင်း ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။
Song Joong Ki
Song Joong Ki ဟာ WEREWOLF BOY နဲ့ INNOCENT MAN တို့နဲ့ နာမည်ရလာပြီးနောက် စစ်မှုထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅ ခုနှစ်၊ မေလအတွင်း စစ်မှုတာဝန်ကပြီးဆုံးခဲ့ပြီးနောက် ချက်ချင်းပဲ DOTS ဇာတ်လမ်းတွဲမြှ ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့ Song Joong Ki ဟာ ပိုပြီး ကျော်ကြားလာခဲ့ပါတယ်။
Lee Min Ho
နာမည်ကျော်ထိပ်တန်းမင်းသား Lee Min Ho ကလည်း ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း စစ်မှုထမ်းဆောင်ပြီးနောက် THE KING ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Lee Seung Gi
Lee Seung Gi ဟာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်မှုတာဝန်ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်သူဟာHWAYUGI ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပါတယ်။
Yoon Shi Yoon
Yoon Shi Yoon ဟာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ စစ်မှုတာဝန်ပြီးပြီးချင်း မနားတော့ဘဲ MIRROR OF THE WITCH ဇာတ်လမ်းတွဲမှာ ချက်ချင်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
Kang Ha Neul
Kang Ha Neul ဟာ ၂၀၁၉ ခုနှစ်၊ မေလအတွင်း စစ်မှုတာဝန်ပြီးဆုံးခဲ့တာပါ။ စစ်မှုတာဝန် ထမ်းဆောင်ပြီးနောက် Kang Ha Neul ဟာ WHEN THE CAMELLIA BLOOMS ဇာတ်လမ်းတွဲကို လက်ခံခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း Rating အမြင့်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။
Kim Soo Hyun
Kim Soo Hyun ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ စစ်မှုတာဝန်ပြီးဆုံးခဲ့တာပါ။ အဲဒီနောက် သူဟာ အချိန်တိုအတွင်းမှာပဲ IT’S OKAY TO NOT BE OKAY ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ လက်ခံခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ စစ်မှုထမ်းဆောင်ပြီးပြီးချင်း အချိန်တိုအတွင်းမှာ ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ကြတဲ့ ထိပ်တန်းမင်းသားများ
Song Joong Ki
Lee Min Ho
Lee Seung Gi
Yoon Shi Yoon
Kang Ha Neul
Kim Soo Hyun
Ref: Koreaboo