Celebrity

■ Won Bin ကား ကြည့်လို့ ထောင်ဒဏ် (၁၄)နှစ် ချမှတ်ခံရတဲ့ (၁၄)နှစ်အရွယ် ကျောင်းသားလေး

– – – သူခမျာ တစ်ကားလုံးတောင် မဟုတ်ဘဲ (၅)မိနစ်ကြည့်မိတဲ့အတွက် ပေးဆပ်လိုက်ရတဲ့ …

မြောက်ကိုရီးယားမီဒီယာ Daily NK ရဲ့ ဖော်ပြချက်အရ Hyesan အလယ်တန်းကျောင်းက ကျောင်းသားလေးတစ်ဦးဟာ နာမည်ကျော်သရုပ်ဆောင် Won Bin ရဲ့ The Man From Nowhere ဇာတ်ကားကို ကြည့်မိလို့ ထောင်ဒဏ် (၁၄)နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် (၁၄)နှစ်အရွယ်သာ ရှိသေးတဲ့ ကျောင်းသားလေးဟာ The Man From Nowhere ဇာတ်ကားကို အစအဆုံး ကြည့်ခဲ့တာ မဟုတ်ဘဲ (၅)မိနစ်သာ ကြည့်ခွင့်ရခဲ့ပေမဲ့ ထောင်ဒဏ် (၁၄)နှစ် ကျခံရတာဖြစ်တယ်လို့လည်း Daily NK က ဖော်ပြခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က Culture Rejection Act ဆိုတဲ့ ဥပဒေတစ်ခုကို အတည်ပြုခဲ့ပြီး အဲဒီဥပဒေအရ တောင်ကိုရီးယားနဲ့ပတ်သက်တာတွေကို ဖြန့်ချိတာ၊ ကြည့်ရှုတာမျိုး လုပ်မယ်ဆိုရင် ထောင်ဒဏ်ကနေ သေဒဏ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယားဇာတ်ကားကို ကြည့်ခဲ့တဲ့ ကျောင်းသားလေးကို စံနမူနာပြတဲ့အနေနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဥပဒေအရ ကလေးမိဘတွေပါ အဲဒီပြစ်ဒဏ်ကို ကျခံရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Source: Chosun

 

-Zawgyi

■ Won Bin ကား ၾကည့္လုိ႔ ေထာင္ဒဏ္ (၁၄)ႏွစ္ ခ်မွတ္ခံရတဲ့ (၁၄)ႏွစ္အရြယ္ ေက်ာင္းသားေလး

– – – သူခမ်ာ တစ္ကားလုံးေတာင္ မဟုတ္ဘဲ (၅)မိနစ္ၾကည့္မိတဲ့အတြက္ ေပးဆပ္လုိက္ရတဲ့ …

ေျမာက္ကုိရီးယားမီဒီယာ Daily NK ရဲ႕ ေဖာ္ျပခ်က္အရ Hyesan အလယ္တန္းေက်ာင္းက ေက်ာင္းသားေလးတစ္ဦးဟာ နာမည္ေက်ာ္သ႐ုပ္ေဆာင္ Won Bin ရဲ႕ The Man From Nowhere ဇာတ္ကားကုိ ၾကည့္မိလုိ႔ ေထာင္ဒဏ္ (၁၄)ႏွစ္ ခ်မွတ္ခံခဲ့ရတယ္လုိ႔ သိရပါတယ္။

အသက္ (၁၄)ႏွစ္အရြယ္သာ ရွိေသးတဲ့ ေက်ာင္းသားေလးဟာ The Man From Nowhere ဇာတ္ကားကုိ အစအဆုံး ၾကည့္ခဲ့တာ မဟုတ္ဘဲ (၅)မိနစ္သာ ၾကည့္ခြင့္ရခဲ့ေပမဲ့ ေထာင္ဒဏ္ (၁၄)ႏွစ္ က်ခံရတာျဖစ္တယ္လုိ႔လည္း Daily NK က ေဖာ္ျပခဲ့တာပါ။

ေျမာက္ကုိရီးယားႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္က Culture Rejection Act ဆုိတဲ့ ဥပေဒတစ္ခုကုိ အတည္ျပဳခဲ့ၿပီး အဲဒီဥပေဒအရ ေတာင္ကုိရီးယားနဲ႔ပတ္သက္တာေတြကုိ ျဖန္႔ခ်ိတာ၊ ၾကည့္႐ႈတာမ်ဳိး လုပ္မယ္ဆုိရင္ ေထာင္ဒဏ္ကေန ေသဒဏ္အထိ က်ခံရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေျမာက္ကုိရီးယားအေနနဲ႔ ေတာင္ကုိရီးယားဇာတ္ကားကုိ ၾကည့္ခဲ့တဲ့ ေက်ာင္းသားေလးကုိ စံနမူနာျပတဲ့အေနနဲ႔ ေထာင္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ၿပီး သူတုိ႔ရဲ႕ ဥပေဒအရ ကေလးမိဘေတြပါ အဲဒီျပစ္ဒဏ္ကုိ က်ခံရဖြယ္ရွိတယ္လုိ႔လည္း သိရပါတယ္။

Source: Chosun

You cannot copy content of this page