K pop

■ COVID-19 ဖြန့်နေတာလို့ K-Netizens တွေရဲ့ စွပ်စွဲခြင်းကို ခံခဲ့ရတဲ့ Berry Good အဖွဲ့ဝင်

-UNICODE

– – -သူမဟာ သတင်းထောက် (၄) ဦးအပြင် ကင်မရာမန်းတွေ အများအပြားနဲ့ ထိတွေ့ခဲ့ပြီး….

Berry Good အဖွဲ့ဝင် Johyun ကတော့ COVID-19 ဖြန့်တယ်ဆိုပြီး K-Netizens တွေရဲ့ ဝေဖန်စွပ်စွဲခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

Johyun ဟာ သူမရဲ့ ရုပ်ရှင်သစ် Dragon Inn Part 1: The City of Sadness ရဲ့ အကြိုထုတ်လွှင့်မှုကို တက်ရောက်ခဲ့ပြီး သတင်းထောက် (၃)၊ (၄) ယောက်လောက်နဲ့ အင်တာဗျူးခဲ့သလို ကင်မရာမန်း အများအပြားနဲ့လည်း တွေ့ဆုံခဲ့တာပါ။

အဲဒီပွဲသွားအပြီး နောက်တစ်နေ့မှာတော့ အေဂျင်စီ CEO နဲ့ မန်နေဂျာတစ်ယောက်တို့က COVID-19 ကူးစက်ခံလိုက်ရပါတယ်။ ဒါကြောင့် သူမကြောင့် ကူးစက်မှုနှုန်း များပြားသွားမယ်ဆိုပြီး Netizens တွေက ဝေဖန်ခဲ့ကြသလို တချို့ဆိုရင် COVID-19 ဖြန့်နေတာလို့လည်း ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့ကြပါတယ်။

အဲဒီရုပ်ရှင်မှာ EXID အဖွဲ့ဝင် Jeonghwa လည်း ပါဝင်ပြီး သူမရဲ့ ဝန်ထမ်းတစ်ဦးက COVID-19 အတည်ပြုလူနာနဲ့ ထိတွေ့မှု ရှိထားလို့ အကြိုထုတ်လွှင့်မှုကို မတက်ရောက်ခဲ့ပါဘူး။ Netizen တချို့က အဲဒီဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြီးလည်း Johyun ကို ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ Johyun နဲ့ Berry Good တစ်ဖွဲ့လုံးရဲ့ COVID-19 စစ်ဆေးမှုကတော့ Negative ပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် Johyun က သူမအနေနဲ့ CEO နဲ့ မန်နေဂျာတို့ရဲ့ ကျန်းမာရေး အခြေအနေကို မသိရှိကြောင်း၊ သူမရဲ့ အပြုအမူကြောင့် ဝန်ထမ်းတချို့ ကူးစက်မှုနှုန်း အန္တရာယ်ရှိခဲ့ရင် တောင်းပန်ကြောင်း ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ COVID-19 ျဖန္႔ေနတာလို႔ K-Netizens ေတြရဲ႕ စြပ္စြဲျခင္းကို ခံခဲ့ရတဲ့ Berry Good အဖြဲ႕၀င္

– – -သူမဟာ သတင္းေထာက္ (၄) ဦးအျပင္ ကင္မရာမန္းေတြ အမ်ားအျပားနဲ႔ ထိေတြ႕ခဲ့ၿပီး….

Berry Good အဖြဲ႕ဝင္ Johyun ကေတာ့ COVID-19 ျဖန႔္တယ္ဆိုၿပီး K-Netizens ေတြရဲ႕ ေဝဖန္စြပ္စြဲျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

Johyun ဟာ သူမရဲ႕ ႐ုပ္ရွင္သစ္ Dragon Inn Part 1: The City of Sadness ရဲ႕ အႀကိဳထုတ္လႊင့္မႈကို တက္ေရာက္ခဲ့ၿပီး သတင္းေထာက္ (၃)၊ (၄) ေယာက္ေလာက္နဲ႔ အင္တာဗ်ဴးခဲ့သလို ကင္မရာမန္း အမ်ားအျပားနဲ႔လည္း ေတြ႕ဆုံခဲ့တာပါ။

အဲဒီပြဲသြားအၿပီး ေနာက္တစ္ေန႔မွာေတာ့ ေအဂ်င္စီ CEO နဲ႔ မန္ေနဂ်ာတစ္ေယာက္တို႔က COVID-19 ကူးစက္ခံလိုက္ရပါတယ္။ ဒါေၾကာင့္ သူမေၾကာင့္ ကူးစက္မႈႏႈန္း မ်ားျပားသြားမယ္ဆိုၿပီး Netizens ေတြက ေဝဖန္ခဲ့ၾကသလို တခ်ိဳ႕ဆိုရင္ COVID-19 ျဖန႔္ေနတာလို႔လည္း ျပင္းျပင္းထန္ထန္ စြပ္စြဲခဲ့ၾကပါတယ္။

အဲဒီ႐ုပ္ရွင္မွာ EXID အဖြဲ႕ဝင္ Jeonghwa လည္း ပါဝင္ၿပီး သူမရဲ႕ ဝန္ထမ္းတစ္ဦးက COVID-19 အတည္ျပဳလူနာနဲ႔ ထိေတြ႕မႈ ရွိထားလို႔ အႀကိဳထုတ္လႊင့္မႈကို မတက္ေရာက္ခဲ့ပါဘူး။ Netizen တခ်ိဳ႕က အဲဒီျဖစ္ရပ္နဲ႔ ႏႈိင္းယွဥ္ၿပီးလည္း Johyun ကို ေဝဖန္ခဲ့ၾကပါတယ္။

ဒါေပမဲ့ Johyun နဲ႔ Berry Good တစ္ဖြဲ႕လုံးရဲ႕ COVID-19 စစ္ေဆးမႈကေတာ့ Negative ျပခဲ့တယ္လို႔ သိရပါတယ္။ အဲဒီေနာက္ Johyun က သူမအေနနဲ႔ CEO နဲ႔ မန္ေနဂ်ာတို႔ရဲ႕ က်န္းမာေရး အေျခအေနကို မသိရွိေၾကာင္း၊ သူမရဲ႕ အျပဳအမူေၾကာင့္ ဝန္ထမ္းတခ်ိဳ႕ ကူးစက္မႈႏႈန္း အႏၲရာယ္ရွိခဲ့ရင္ ေတာင္းပန္ေၾကာင္း ဆိုခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page