K pop

■ BLACKPINK ရဲ့ ပထမဆုံး Online Concert: “THE SHOW” နဲ့ပတ်သက်လို့ သိထားသင့်တဲ့ အရာများ

— – – THE SHOW နဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာအားလုံးကို ဖော်ပြထားပါတယ်။

ဘယ်အချိန်လဲ
BLACKPINK ရဲ့ online concert “THE SHOW” ကို ဒီဇင်ဘာ (၂၇)ရက် (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် နေ့လယ်(၁၁း၃၀)နာရီ (2 PM KST) မှာ ကျင်းပမှာပါ။

ဘယ်မှာလဲ
THE SHOW ကို ကြည့်ချင်တယ်ဆိုရင်တော့ official BLACKPINK YouTube channel မှာ membership အဖြစ် Join လုပ်ရမှာ ဖြစ်ပါတယ်။

ဘယ်လို Join မလဲ

ဒီဗီဒီယိုမှာ Join လုပ်ရမယ် အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားပါတယ်။ PC နဲ့ ဖုန်းနဲ့ ရော Join လို့ ရပါတယ်။ ကိုယ့်ဘက်က ကြည့်ဖို့သေချာတယ်ဆိုရင်တော့ မြန်မြန် Join ထားတာ ကောင်းပါတယ်။

Giveaway ပါတယ်


My Tag Event လို့ အမည်ပေးထားတဲ့ giveaway အစီအစဉ်ပါဝင်ပါတယ်။ အင်္ဂလိပ်စာတန်းထိုးမှာဖြစ်လို့ ကိုရီးယားစကား နားမလည်မှာ စိတ်ပူစရာမလိုသလို၊ My Tag Event မှာ မဲပေါက်ခဲ့မယ်ဆိုရင် အဖွဲ့ဝင်တွေ လက်မှတ်ထိုးထားတဲ့ CD နဲ့ Adidas ဂျာကင်တွေ ရရှိမှာပါ။

— ဃဲ
Ref: BLACKPINK & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page