K pop

■ JB နဲ့ Jackson တို့ရဲ့ ကြက်ကြော်ဇာတ်လမ်းက လက်သည်တရားခံ

— – – ဒါမျိုးက ဘော်ဒါတွေကြားမှာ ဖြစ်ပျက်နေကျ ပြဿနာမျိုးဖြစ်ပြီး Jackson နဲ့ JB တို့ရဲ့ ကြက်ကြော်ဇာတ်လမ်းမှာ …

GOT7 အဖွဲ့ဝင်တွေဟာ မိသားစုဝင်တွေလို ရင်းနှီးသူတွေဖြစ်ပြီး တစ်ခါတလေမှာလည်း ဘာမှမဟုတ်တာလေးနဲ့ တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားတာမျိုးတွေ ရှိပါတယ်။ အဲဒီထဲမှာ JB နဲ့ Jackson တို့ရဲ့ ကြက်ကြော်ဇာတ်လမ်းကလည်း တစ်ခုအပါအဝင်ပေါ့။

JB က Weekly Idol မှာ သူနဲ့ Jackson တို့ရဲ့ ကြက်ကြော်ဇာတ်လမ်းကို ဖောက်သည်ချခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဖြစ်ရပ်အတွက် Jackson တစ်ယောက် သူတို့ခေါင်းဆောင်အပေါ် အတော်လေး အားနာခဲ့တယ်လို့ ဆိုပါတယ်။

JB က “တစ်နေ့ ကျွန်တော် ဗိုက်ဆာလို့ ကြက်ကြော် မှာစားနေတုန်း Jackson ရောက်လာပြီး ကျွန်တော့်ကို သူ့ကြက်ကြော် ဘာလို့ စားရတုန်းလို့ မေးခွန်းထုတ်ပါတယ်။ ဒါနဲ့ ကျွန်တော်ကလည်း Jackson မဟုတ်သေးဘူးနော်။ ဒီကြက်ကြော်က ငါဘာသာ ငါ မှာစားနေတာလို့ သူ့ကို ပြောပြတယ်။

ဒါပေမဲ့ Jackson က အဲဒီကြက်ကြော်က စားပွဲပေါ်မှာ သူတင်ထားတဲ့ ကြက်ကြော်ဖြစ်ကြောင်း ပြောရင်း ကျွန်တော် အော်ပါတယ်။ ဒါနဲ့ ကျွန်တော် နည်းနည်းတော့ တင်းသွားတယ်။ အဲဒါကြောင့် ကောင်းပြီ Jackson။ တကယ်လို့ မင်း ကြက်ကြော်ဆိုရင်တောင် ဒီကြက်ကြော်လေးနဲ့ မင်း ငါ့ကို အော်စရာလားလို့ ပြန်ပြောခဲ့ပါတယ်”လို့ ဆိုပါတယ်။

Jackson က အဲဒီတုန်းက ကိစ္စအတွက် JB ကို အရမ်းအားနာခဲ့ပြီး တောင်းပန်ပါတယ်လို့ ပြောခဲ့ပါတယ်။ တကယ်တော့ Jackson ရဲ့ ကြက်ကြော်ကို စားခဲ့သူက BamBam ဖြစ်ပါတယ်။

အဲဒါကြောင့် BamBam ဟာ အဲဒီတုန်းက Weekly Idol မှာ သူ့ကြောင့် Jackson ဆီမှာ အအော်ခံခဲ့ရတဲ့ JB ကို တောင်းပန်ပါတယ်ဆိုပြီး ကိုရီးယားလို ရှိခိုးခဲ့ပါတယ်။

— ဃဲ
Ref: Weekly Idol & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page