— – – ARMY တွေကတော့ ဒါက သူတို့ရဲ့ နှလုံးသား အစိတ်စိတ်ပြိုကွဲစေမဲ့ တိုက်ခိုက်မှုလို့ …
Melon Music Awards 2020 မှာ အဓိကဆုတွေကို သိမ်းပိုက်ခဲ့တဲ့ BTS အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့ပြီး သူတို့ရဲ့ စတိတ်ဖျော်ဖြေမှုတွေထဲမှာ Jimin နဲ့ Jungkook တို့ရဲ့ “Black Swan” ဖျော်ဖြေမှုက ARMY တွေကြားမှာ အရမ်းရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
BTS အဖွဲ့ရဲ့ Melon Music Awards 2020 စတိတ်ဖျော်ဖြေမှုကို Jungkook က Back-up Dancer တွေနဲ့အတူ စတင်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ Jimin က အလိုက်သင့် ကကွက်ထဲ ဝင်လာခဲ့တာပါ။
အဲဒီနောက်မှာ သူတို့နှစ်ယောက်က စည်းချက်နဲ့အညီ Back-up Dancer တွေ ဝိုင်းထားတဲ့ အလယ်မှာ တွဲကြခဲ့ကြတာ ဖြစ်ပါတယ်။
Jimin ကို ချီမပြီး Jungkook Spin လုပ်ခဲ့တဲ့ ကကွက်ဟာ အလွန်ရေပန်းစားခဲ့ပြီး ပရိသတ်တွေကတော့ သူတို့ရဲ့ အတွဲညီညီ တင်ဆက်ဖျော်ဖြေမှုကို ချီးကျူးမဆုံးဖြစ်ခဲ့ကြပါတယ်။
Jikook ရဲ့ Black Swan ဖျော်ဖြေမှုကို အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။
— ဃဲ
Ref: Koreaboo & Photos Credit.
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***