— – – ဒီအကြောင်းအရာတွေက ၂၀၂၀ မှာ မီဒီယာတွေမှာ ဖော်ပြခံရဆုံး၊ လူပြောအများဆုံး အကြောင်းအရာတွေ …
တစ်ကမ္ဘာလုံးကို သက်ရောက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးရဲ့ ဒဏ်ကို ခံရသူတွေထဲမှာ K-Pop ပရိသတ်တွေနဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ကပ်ဘေးကြောင့်တော့ K-Pop ဟာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်စီးဆင်းခဲ့ပါတယ်။ ဒီအကြောင်းအရာတွေက ၂၀၂၀ မှာ လူပြောအများဆုံးတွေ ဖြစ်ပါသတဲ့။
Momo နဲ့ Heechul တို့ရဲ့ Dating သတင်း
ဇန်နဝါရီအစပိုင်းမှာ အတည်ပြုခဲ့တဲ့ Momo နဲ့ Heechul တို့ရဲ့ Dating သတင်းက K-Pop ကို လှုပ်ခတ်စေခဲ့တာပါ။ သူတို့ရဲ့ တွဲဖက်မှုနဲ့ ပတ်သက်ပြီး အမြင်တွေ အမျိုးမျိုးရှိပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးဟာ အခုတိုင် ခိုင်မြဲနေဆဲပါပဲ။
EXO Chen ရဲ့ မင်္ဂလာဆောင်သတင်း
Chen ဟာ သူ့ရဲ့ မင်္ဂလာသတင်းကို ကြေညာခဲ့ရာမှာတော့ ပရိသတ်တွေ တုန်လှုပ်ခဲ့ကြပြီး အစပိုင်းမှာ တော်တော်လေးကို ဝေဖန်ခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ EXO-Ls တွေက Chen ကို ဂုဏ်ပြုခဲ့ကြပြီး SM ကလည်း Chen ဟာ EXO အဖြစ် ဆက်လက်ရှိနေမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။
ZICO ရဲ့ “Any Song” နဲ့ Challenge
ဇန်နဝါရီမှာ ZICO ဟာ “Any Song” ဆိုတဲ့ သီချင်းကို ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီသီချင်းဟာ အရမ်းပေါက်ခဲ့တာကြောင့် “Any Song” Challenge ပေါ်ပေါက်လာခဲ့ပြီး Hwasa, Chung Ha, Park Shin Hye, Song Min Ho, Les Hyori တို့အပြင် နာမည်ကျော် တော်တော်များများ ဆင်နွဲှခဲ့ကြပါတယ်။
Kwon Mina နဲ့ Jimin ပြဿနာ
ဇူလိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ AOA အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Kwon Mina နဲ့ Jimin ပြဿနာဟာလည်း တော်တော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါတယ်။ Jimin ရဲ့ အနိုင်mျင့်မှုကို Kwon Mina က ဖွင့်ချခဲ့ပြီး နောက်ဆုံးမှာ Jimin ဟာ AOA အဖွဲ့က ထွက်ရရုံတင်မက အနုပညာလောကကပါ အနားယူသွားခဲ့ပါတယ်။
— ဃဲ
Ref: KPZ & Photos Credit.
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***