K pop

■ ၂၀၂၀ အတွင်း K-Pop မြင်ကွင်းကို လွှမ်းမိုးခဲ့တဲ့ သတင်းများ (၂)

— – – ဒီအကြောင်းအရာတွေက ၂၀၂၀ မှာ မီဒီယာတွေမှာ ဖော်ပြခံရဆုံး၊ လူပြောအများဆုံး အကြောင်းအရာတွေ …

တစ်ကမ္ဘာလုံးကို သက်ရောက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးရဲ့ ဒဏ်ကို ခံရသူတွေထဲမှာ K-Pop ပရိသတ်တွေနဲ့ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ကပ်ဘေးကြောင့်တော့ K-Pop ဟာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်စီးဆင်းခဲ့ပါတယ်။ ဒီအကြောင်းအရာတွေက ၂၀၂၀ မှာ လူပြောအများဆုံးတွေ ဖြစ်ပါသတဲ့။

BTS ရဲ့ Billboard Hot 100 အောင်မြင်မှု


BTS ဟာ သူတို့ရဲ့ ပထမဆုံးအင်္ဂလိပ်သီချင်း Dynamite နဲ့ ကမ္ဘာ့ထိပ်တန်း Music Chart ဖြစ်တဲ့ Billboard Hot 100 မှာ နံပါတ် (၁) ချိတ်ခဲ့ပါတယ်။ သူတို့ဟာ ကိုရီးယားအနုပညာရှင်တွေထဲမှာ Billboard Hot 100 မှာ နံပါတ်(၁)ရတဲ့ ပထမဆုံးတွေ ဖြစ်လာခဲ့ပြီး ဒီအကြောင်းဟာ အတော်လေးကို လူပြောများခဲ့တာပါ။

BLACKPINK ရဲ့ ပထမဆုံး Studio Album


ပွဲထွက်ပြီး (၄)နှစ်အကြာ BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး Studio Album ဖြစ်တဲ့ “THE ALBUM” ကို အောက်တိုဘာမှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ Album နဲ့အတူ BLACKPINK ဟာ အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာ ပထမဆုံး Million အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပြည်တွင်းမှာရော ကမ္ဘာအနှံ့မှာပါ အောင်မြင်ခဲ့ပါတယ်။

Red Velvet Irene ရဲ့ ပြဿနာ


အောက်တိုဘာ Stylist တစ်ယောက်နဲ့ Red Velvet အဖွဲ့ခေါင်းဆောင် Irene ရဲ့ ပြဿနာ ပေါ်ပေါက်ခဲ့ပါတယ်။ Irene ဟာ တစ်ဖက်သားအပေါ် လေးစားမှုမရှိဘဲ ရိုင်းစိုင်းတယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပြီး အဲဒီအတွက် Irene နဲ့ SM က တောင်းပန်ခဲ့ရပါတယ်။

Yoo Jimin ပြဿနာနဲ့ Aespa Debut


Red Velvet ကို ပွဲထုတ်ပြီး (၆)နှစ်အကြာမှာ Aespa ဆိုတဲ့ အမျိုးသမီးအဖွဲ့တစ်ဖွဲ့ကို SM က ပွဲထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ Aespa ကို ပွဲမထုတ်ခင်မှာ အဖွဲ့ခေါင်းဆောင် KARINA(Yoo Jimin)ရဲ့ ပြဿနာ ပေါ်ပေါက်ခဲ့ပါတယ်။ နာမည်ကျော် Idol တွေကို ဝေဖန်တယ်ဆိုပြီး သတင်းထွက်ခဲ့တာကြောင့် KARINA ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို Aespa ရဲ့ MV ဟာလည်း တော်တော်လေးကို အငြင်းပွားဖွယ်ရာတွေ ရှိခဲ့တာပါ။

— ဃဲ
Ref: KPZ & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page