K pop

■ MAMA 2020 နဲ့အပြိုင် BLACKPINK အဖွဲ့ တက်ရောက်မဲ့ ဆုပေးပွဲ

— – – MAMA 2020 နဲ့ တစ်နေ့တည်း ကျင်းပမဲ့ပွဲမှာ BLACKPINK နဲ့ တခြားနာမည်ကြီး K-Pop အဖွဲ့တွေဖြစ်တဲ့ …

YG ဟာ သူတို့ရဲ့ စည်းမျဉ်းကို ချိုးဖျက်ပြီး TREASURE အဖွဲ့ကို ဒီနေ့ ကျင်းပမဲ့ Mnet Asian Music Awards (MAMA 2020) မှာ ဖျော်ဖြေခွင့်ပေးခဲ့ပေမဲ့ BLACKPINK အဖွဲ့ကတော့ အဲဒီပွဲကို တက်ရောက်မှာ မဟုတ်ဘဲ တစ်နေ့တည်း ကျင်းပမဲ့ ပွဲတစ်ပွဲကို တက်ရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ တက်ရောက်ဖျော်ဖြေမဲ့ပွဲကတော့ Boom Boom Award 2020 ceremony of QQ Music (China) ဖြစ်ပါတယ်။ အဲဒီပွဲကို ဒီနေ့ (ဒီဇင်ဘာ ၆ ရက်)မှာ MAMA 2020 နဲ့အပြိုင် ကျင်းပသွားမှာပါ။

အဲဒီပွဲကို BLACKPINK အဖွဲ့နဲ့အတူ တခြားနာမည်ကျော် K-Pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SEVENTEEN နဲ့ တစ်ကိုယ်တော်အဖြစ် လှုပ်ရှားနေတဲ့ MAMAMOO အဖွဲ့ဝင် Hwasa ကလည်း တက်ရောက် ဖျော်ဖြေမှာ ဖြစ်ပါတယ်။

အတွင်းသတင်းတွေအရတော့ BLACKPINK အဖွဲ့ဝင်တွေဟာ ကိုရီးယားဆုပေးပွဲကို တက်ရောက်ဖို့ ဆန္ဒမရှိဘဲ Boom Boom Award 2020 ceremony of QQ Music (China) ကို တက်ရောက်ဖို့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

BLACKPINK အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာကလည်း ဂျပန်နိုင်ငံမှာ MAMA 2019 ပွဲနဲ့ အပြိုင် တစ်နေ့တည်းမှာပဲ Dome Concert ပြုလုပ်ခဲ့ပြီး BLACKPINK အဖွဲ့ရဲ့ ပွဲကို တက်ရောက်အားပေးတဲ့ ပရိသတ်ဟာ MAMA ကို တက်ရောက်အားပေးတဲ့ ပရိသတ်ထက် ပိုများခဲ့တာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ ၂၀၂၀ အတွင်း K-Pop အမျိုးသမီးအဖွဲ့တွေထဲမှာသာမက တစ်ကမ္ဘာလုံးက အမျိုးသမီးအဆိုတော် အဖွဲ့တွေမှာ အအောင်မြင်ဆုံးဖြစ်ပေမဲ့ ကိုရီးယားဆုပေးပွဲကတော့ သူတို့နဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုမှုကို ပြုလုပ်ခြင်းမရှိဘူးလို့ K Netizens တွေ ဝေဖန်နေကြပါတယ်။

အထူးသဖြင့် MAMA ဆုပေးပွဲဟာ ၂၀၁၆ ခုနှစ်ကတည်းက အတော်လေး နာမည်ပျက်ခဲ့ပြီး YG နဲ့ SM တို့ရဲ့ ကိုရီးယားရဲ့ အကျော်ကြားဆုံး အေဂျင်စီတွေက ထိပ်တန်းအဖွဲ့တွေ တက်ရောက်ခြင်းမရှိတာကြောင့် MAMA ပွဲတွေဟာ တစ်နှစ်ထက် တစ်နှစ် ဆွဲဆောင်မှု ကျဆင်းလာနေပြီဖြစ်လို့ K-Pop သုံးသပ်သူတွေက ဆိုကြပါတယ်။

— ဃဲ
Ref: SB & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page