K pop

■ ခွဲစိတ်ကုသမှုခံယူပြီး နားနေရချိန်မှာ D.O. နွေးထွေးမှုကို Chanyeol ဖွင့်ဟ

– – – ခွဲစိတ်ကုသမှုခံယူပြီးနောက် တစ်လလောက် စကားမပြောနိုင်ချိန်မှာ D.O. ရဲ့ နွေးထွေးစွာဆက်ဆံမှုက Chanyeol ရဲ့ နှလုံးသားကို ထိခဲ့ …

လက်ရှိမှာ စစ်မှုထမ်းနေတဲ့ D.O. ကို EXO အဖွဲ့ဝင်တွေ လွမ်းဆွတ်နေကြပြီး အဲဒီထဲမှာ D.O. ကို အလွမ်းဆုံးတွေထဲက တစ်ယောက်ဟာ Chanyeol ဖြစ်ပါလိမ့်မယ်။

Radio Star အစီအစဉ်တစ်ခုမှာတော့ Chanyeol က အတိတ်က သူဟာ vocal cord ခွဲစိတ်မှုပြုလုပ်ခဲ့တာကြောင့် တစ်လလောက် စကားမပြောနိုင်ဘဲ အိမ်မှာပဲ နားရခဲ့ပြီး အဲဒီတုန်းက သူ့အပေါ် D.O. ရဲ့ နွေးထွေးစွာဆက်ဆံခဲ့ပုံကို ပြောပြခဲ့ပါတယ်။

“အဲဒီတုန်းက ဘာမှလည်း လုပ်စရာမရှိဘဲ တစ်နေ့ တစ်နေ့ အိမ်မှာ ကုန်ဆုံးခဲ့တာပါ။ D.O. က ကျွန်တော့်ဆီကို မကြာခဏဆိုသလို လာလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က စကားမပြောနိုင်ဘူးလေ။ ဒါကို D.O. က စိတ်မပျက်ပါဘူး။ သူက ကျွန်တော့်ဘေးနားလေးမှာ ထိုင်ပြီး သူ့ဖုန်းလေးနဲ့ ဂိမ်းစ်ဆော့နေတာပါပဲ”- Chanyeol

Chanyeol ရဲ့ အဲဒီစကားကို MC ဖြစ်သူက D.O. လည်း လာအနားယူတာ ဖြစ်မှာပေါ့လို့ အရွှန်းဖောက်ခဲ့ပြီး Baekhyun ကတော့ Chanyeol အိမ်မှာ ဂိမ်းစ်ပစ္စည်းတွေ စုံလင်လွန်းတာကြောင့်

D.O. ဂိမ်းစ်လာဆော့တာ ဖြစ်မယ်လို့ နောက်ပြောင်ခဲ့တာကြောင့် အားလုံးပွဲကျခဲ့တယ်လို့ ဆိုပါတယ်။

– ဃဲ
Ref: KStarLive & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page