Cele K pop

■ KFPA က ရွေးချယ်တဲ့ Photogenic of The Year ဆု ရရှိခဲ့သူများ

– – – KFPA က Photogenic of The Year ဆုကို ၂၀၁၅ ခုနှစ် စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဒီဆုကို ရတဲ့ K Cele (၅)ဦး ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုရီးယားဖက်ရှင်ဓာတ်ပုံဆရာများအဖွဲ့အစည်း (KFPA) ဟာ ဓာတ်ပုံရိုက်ရာမှာ ဆွဲဆောင်အရှိဆုံး Idol တွေကို မဲပေးရွေးချယ်ပြီး Photogenic of The Year ဆုကို ရွေးချယ်ခဲ့တာ ပေးတာဖြစ်ပါတယ်။ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဖက်ရှင်မဂ္ဂဇင်းတွေမှာ ရိုက်ကူးခဲ့တဲ့ K Cele တွေရဲ့ ဆွဲဆောင်နိုင်မှု၊ စိတ်ကျေနပ်စေမှုကို အဓိက ရွေးချယ်တာပါ။

ဒီဆုကို ပထမဆုံးချီးမြှင့်တဲ့ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့သူက K ဖက်ရှင်လောက ဂုရုလို တင်စားကြတဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၆ ခုနှစ်မှာတော့ f(x) အဖွဲ့ဝင် Krystal Jung က ရရှိခဲ့တာပါ။

၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တို့မှာ K နာမည်ကျော် မင်းသားတွေ ဖြစ်တဲ့ Yoo Ah in နဲ့ Lee Dong Wook တို့က ရရှိခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jennie က ဒီဆုကို ရရှိခဲ့တာပါ။

■ KFPA ရဲ့ Photogenic of The Year ရရှိကြသူများ
2015 – G-Dragon
2016 – Krystal Jung
2017 – Yoo Ah in
2018 – Lee Dong Wook
2019 – Jennie

– ဃဲ
Ref: KFPA & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page