K pop
■ Kim Seon Ho ရဲ့ လွန်ခဲ့တဲ့ (၁၅) နှစ်က ဓာတ်ပုံကိုမြင်ပြီး Netizens တွေ ဘာပြောသလဲ
-UNICODE
– – – လတ်တလော ပရိသတ်တွေကြား ဟော့နေတဲ့ Start-up မင်းသားရဲ့ လွန်ခဲ့တဲ့ (၁၅) နှစ်ပုံကို Netizens တွေမြင်တဲ့အခါ….
လတ်တလော ပရိတ်သတ်တွေကြားမှာ Start-up ဇာတ်လမ်းတွဲက ရေပန်းစားနေပြီး ဒီဇင်ဘာ ၆ ရက်နေ့(ယနေ့)မှာတော့ နောက်ဆုံး ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်တော့မှာပါ။
ဒီဇာတ်လမ်းတွဲမှာ မင်းသား Kim Seon Ho က Han Ji Pyeong ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပြီး ပရိသတ်တွေကြား နာမည်ကျော်လျက် ရှိနေပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ချက်က အသက်ဝင်လှတဲ့အပြင် Visual  ဖြစ်လွန်းတာလည်း တွေ့ရပါတယ်။
ဒီဇာတ်လမ်းတွဲမှာ Kim Seon Ho က အပေါက်ဆုံးလို့တောင် ပြောလို့ရတဲ့ အနေအထားပါ။ တလောတုန်းကတော့ Kim Seon Ho ရဲ့ လွန်ခဲ့တဲ့ (၁၅) နှစ်ကပုံကို မြင်တွေ့တဲ့အခါမှာတော့ Netizens တွေ အံ့အားသင့်ခဲ့ရတာ ဖြစ်ပါတယ်။
တခြားကြောင့်တော့ မဟုတ်ပါဘူး။ Kim Seon Ho ရဲ့ Visual ကြောင့်ပါပဲ။ ဒီပုံကတော့ Kim Seon Ho တစ်ယောက် အသက် (၂၀) အရွယ်ကပါ။ အဲဒီတုန်းက Kim Seon Ho ဟာ ကျောင်းသားတစ်ဦးသာရှိသေးပြီး Seoul Institute ofthe Arts မှာ တက်ရောက်နေတာပါ။
ဒီပုံရိပ်ကိုကြည့်ပြီး လွန်ခဲ့တဲ့ (၁၅) နှစ်ကတည်းက Visual ဖြစ်လွန်းခဲ့တဲ့ Kim Seon Ho ရဲ့ ချောမောမှုကို အားလုံးက အံ့အားသင့်ခဲ့ရတာ ဖြစ်ပါတယ်။
“ငါသေချင်သွားတယ်။ သူက အရမ်းချစ်ဖို့ ကောင်းတာပဲ” “wow..သူက အဲဒီအချိန်ကတည်းက Handsome ဖြစ်လွန်းနေတာပဲ” “ကလေးလေးလို ချစ်စရာကောင်းလွန်းတယ်”စသဖြင့် Netizens တွေ မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page