Celebrity

■ ကိုရီးယားမှာ အနုပညာကြေးအမြင့်ဆုံးရ ထိပ်တန်းမင်းသား

– – – Song Hye Kyo နဲ့ Jun Ji Hyun တို့က အပိုင်းတစ်ပိုင်းအတွက် ဝမ်သန်း (၂၀၀)နဲ့ အမျိုးသမီးတွေထဲမှာ အမြင့်ဆုံးဖြစ်ပေမဲ့ သူကတော့ သူတို့ထက် (၂)ခွဲ ပိုရနေတာပါ …

မင်းသား Kim Soo Hyun ဟာ ကိုရီးယားရဲ့ ကြီးကျယ်ခမ်းနားဆုံး မင်းသားတွေထဲက တစ်လက်ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းအတွက် လူတွေ မမျှော်မှန်းနိုင်တဲ့ ပမာဏကို ရရှိနေသူပါ။

ကိုရီးယားမီဒီယာတွေရဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ Kim Soo Hyun ဟာ One Ordinary Day ဇာတ်လမ်းတွဲအတွက် အပိုင်းတစ်ပိုင်းကို ဝမ်သန်း (၅၀၀) (about $423,000 USD) အထိ ရရှိနေတယ်လို့ သိရပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်လို့ Kim Soo Hyun ရဲ့ အေဂျင်စီ Gold Medalist ကတော့ အဲဒီအတွက် အတည်ပြုဖို့ ငြင်းဆိုခဲ့ပေမဲ့ ကိုရီးယားမီဒီယာတွေက အခိုင်အမာ ဖော်ပြကြတာပါ။

မင်းသမီးတွေထဲမှာတော့ A List တွေဖြစ်တဲ့ Song Hye Kyo နဲ့ Jun Ji Hyun တို့က ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းအတွက် ဝမ်သန်း (၂၀၀) (about $168,000 USD) ရရှိတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြကြပြီး Kim Soo Hyun ကတော့ သူတို့ထက် (၂)ခွဲ ပိုမိုရရှိနေတာ ဖြစ်ပါတယ်။

Source: Hankyung

You cannot copy content of this page