K pop

■ BTS အဖွဲ့ဝင် V ကို ဒီနေ့အထိ ခွန်အားပေးနေတဲ့ စကားတစ်ခွန်း

– – – ဒီစကားက V အတွက်မှ မဟုတ်ဘူး။ ကိုယ်တိုင်သုံးမယ်ဆိုရင် ဘဝမှာ အရမ်းကို အဆင်ပြေမယ့် စကားမျိုး ဖြစ်ပါတယ်။

BTS အဖွဲ့ဟာ Vogue Korea နဲ့ ပူးပေါင်းပြီး GQ Korea မဂ္ဂဇင်းအတွက် Cover တွေ ရိုက်ခဲ့ကြသလို၊ အဖွဲ့ဝင်တွေက သူတို့ရဲ့ အနုပညာခံယူချက်တွေ၊ ဖြတ်သန်းမှုတွေအကြောင်းကို ပြောခဲ့ကြပါတယ်။

အဖွဲ့ဝင်တစ်ဦးချင်းစီက GQ Korea နဲ့ အင်တာဗျူးပုံစံမျိုး ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေ၊ ဖြတ်သန်းဘဝတစ်လျှောက် သင်ယူခဲ့ရတာတွေ၊ ခံယူချက်တွေကိုလည်း ပြောပြခဲ့တာပါ။

BTS အဖွဲ့ဝင် V က “လူတွေ တော်တော်များများ သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အဖေက ဒီစကားကို ပြောလေ့ရှိတယ်။ ဒါက ဘာမှမဟုတ်ဘူးကွာဆိုတဲ့ စကားပါ။

အဲဒီစကားက ဒီနေ့အထိ ကျွန်တော့်ကို ခွန်အားပေးနေဆဲပါ။ ပြီးတော့ အဖွဲ့ဝင်တွေကလည်း ကျွန်တော် ခက်ခဲလာတဲ့အချိန်တိုင်း သူတို့ကို အားကိုးလို့ရကြောင်း၊ မှီခိုနိုင်ကြောင်း အမြဲအားပေးကြပါတယ်။ ကျွန်တော် အခက်အခဲတွေနဲ့ ရုန်းကန်ရတဲ့အခါတိုင်း၊ သူတို့က ကျွန်တော့်ကို V အနေနဲ့ မဟုတ်ဘဲ Kim Taehyung အနေနဲ့ အားပေးလေ့ရှိပါတယ်”လို့ ဆိုခဲ့ပါတယ်။

Ref: GQ Korea

You cannot copy content of this page