K pop

■ သူ့ရဲ့နောက်ဆုံးထုတ် Paranoise 2 PEACEMINUSONE x Nike Sneakers ကို ဘယ်သူတွေ G-Dragon စီးစေချင်တာလဲ

— King of K-pop ကြီးဟာ VIP တွေကို ဘယ်တော့မှစိတ်မပျက်စေခဲ့တဲ့သူပါ…

Artist ၊ Singer ၊ Idol ၊ Songwriter ၊ Producer ၊ CEO ၊ Fashion Designer..ဒါတွေဟာ G-Dragon ရဲ့ ဂုဏ်ပုဒ်တွေဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ PEACEMINUSONE ကမ္ဘာအနှံ့ ရောင်းချနိုင်ခဲ့တာကိုလည်း ပရိသတ်တွေအားလုံးသိပါတယ်။

နိုဝင်ဘာလ 25 ရက်နေ့တုန်းက G-Dragon ဟာ သူနောက်ဆုံးဖန်တီးထားတဲ့လက်ရာ Paranoise 2 PEACEMINUSONE x Nike Sneakers ကို အားလုံးလည်းသိကြမှာပါ။ အဆိုပါ ဖိနပ်အသစ်ထုတ် တော့ သတင်းစာရှင်းလင်းပွဲမှာ အဆိုပါဖိနပ်ဟာ ဘယ်သူတွေအတွက် ပစ်မှတ်ထားပြီးထုတ်လုပ်ထား တာလဲဆိုတာကို ပြောပြခဲ့ပါတယ်။

အခုထုတ်လုပ်ထားတဲ့ ဖိနပ်အသစ်ဟာ သူနဲ့ရွယ်တူ၊ ဒါမှမဟုတ် ငယ်ရွယ်တဲ့ကလေးတွေအစား အသက်အကြီးပိုင်းတွေ သက်သောင့်သက်သာစီးနိုင်ဖို့ ရည်ရွယ်မျှော်လင့်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဖေ၊ အဖေ၊ အဘိုး၊ အဘွားအရွယ်တွေအတွက် အဓိက အဆင်ပြေစေဖို့ ထုတ်လုပ်ထားခဲ့တာပါ။

နောက်ပြီး G-Dragon က သူဖန်တီးတဲ့ဖိနပ်ကို သူစီးစေချင်တဲ့ သူက စီးနေတာ တွေ့ရင် အမိအရမှတ် တမ်းတင်မယ်လို့လည်း ပြောခဲ့ပါတယ်။ အဆိုပါဖိနပ်အသစ်ကို အသက်ကြီးပိုင်းတွေ ဘယ်သူမဆို စီးနေတဲ့အခါ တွေ့ရင် လျှပ်တစ်ပြက်ဓါတ်ပုံရိုက်ထားမယ်လို့ ဆိုတာပါ။ သူ့အနေနဲ့ ကားထဲမှာရှိနေ တာတောင် အဲဒီ အခြေအနေမျိုးရှိရင် အသေအချာမှတ်တမ်းတင်မှာလို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page