Celebrity

■ အနုပညာလောကက (၃)နှစ်ကြာ ပျောက်နေတဲ့အကြောင်းကို Gary ရှင်းလင်း

– – – Running Man နဲ့အတူ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ Gary ဘာကြောင့် အနုပညာလောကက ရုတ်တရက် ပျောက်သွားရတာလဲ။ အခုရော …

Running Man နဲ့လမ်းခွဲပြီးနောက်မှာ အနုပညာလောကကပါ ရုတ်တရက် ပျောက်သွားတဲ့ Gary က သူ့အနေနဲ့ ဘာကြောင့် အနုပညာလောကကနေ (၃)နှစ်ကြာအောင် ပျောက်သွားရသလဲဆိုတာကို ရသစုံလင်အစီအစဉ်တစ်ခုမှာ ရှင်းပြခဲ့ပါတယ်။

“အနုပညာလောက ခေတ္တအနားယူချိန်မှာ နှစ်ပေါင်း (၂၀)ကြာ လုပ်ခဲ့တဲ့ အလုပ်က ပင်စင်ယူလိုက်သလို ခံစားရပါတယ်။ ဖိအားတွေ၊ အလုပ်ပိတာတွေ မရှိတော့ဘူး။ အနားယူချိန်မှာ အိမ်ထောင်ပြုခဲ့ပြီး ကလေးလည်း ရခဲ့တာကြောင့် မိဘဘဝကို ကျွန်တော် ပိုင်ဆိုင်ခဲ့ပါတယ်”လို့ Gary က ဆိုပါတယ်။

ဆက်ပြီးတော့ သူက “ကျွန်တော် အနုပညလောကနေ (၃)နှစ်ကျော်လောက်အထိ အနားယူခဲ့တာပါ။ အဲဒီလို အနားယူနေချိန်မှာ ကျွန်တော့်အနေနဲ့ ဝမ်းနည်းတာမျိုး၊ သနားစရာကောင်းနေတာမျိုး မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်မှာ မိသားစုနဲ့ ပျော်စရာကောင်းတဲ့ ဘဝကို တည်ဆောက်နိုင်ခဲ့လို့ပါ”လို့ ဆိုပါတယ်။

Gary ဟာ KBS ရုပ်သံရဲ့ Superman Returns အစီအစဉ်နဲ့အတူ အနုပညာလောကကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဘာကြောင့် ပြန်လာတယ်ဆိုတာကိုလည်း အခုလို ရှင်းပြခဲ့ပါတယ်။

Gary က “Superman Returns အစီအစဉ်ကို ကျွန်တော် အမြဲကြည့်ဖြစ်တယ်။ တစ်ပိုင်းတစ်လေတောင် လွတ်တာမျိုး မရှိဘူး။ အခု ကျွန်တော့်ဘဝကို ၇၀ ရာခိုင်နှုန်းက မိဘဘဝက ၃၀ ရာခိုင်နှုန်းက အလုပ်အတွက်ဆိုပြီး ခွဲခြားထားပါတယ်။ ကျွန်တော့်ရဲ့ လူနေမှုဘဝနဲ့ ကိုက်ညီတယ်ထင်လို့ Superman Returns မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ဆိုပါတယ်။

– ဃဲ
Ref: Koreaboo

 

-Zawgyi

■ အႏုပညာေလာကက (၃)ႏွစ္ၾကာ ေပ်ာက္ေနတဲ့အေၾကာင္းကုိ Gary ရွင္းလင္း

– – – Running Man နဲ႔အတူ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကုိ သိမ္းပုိက္ႏုိင္ခဲ့တဲ့ Gary ဘာေၾကာင့္ အႏုပညာေလာကက ႐ုတ္တရက္ ေပ်ာက္သြားရတာလဲ။ အခုေရာ …

Running Man နဲ႔လမ္းခဲြၿပီးေနာက္မွာ အႏုပညာေလာကကပါ ႐ုတ္တရက္ ေပ်ာက္သြားတဲ့ Gary က သူ႕အေနနဲ႔ ဘာေၾကာင့္ အႏုပညာေလာကကေန (၃)ႏွစ္ၾကာေအာင္ ေပ်ာက္သြားရသလဲဆုိတာကုိ ရသစုံလင္အစီအစဥ္တစ္ခုမွာ ရွင္းျပခဲ့ပါတယ္။

“အႏုပညာေလာက ေခတၱအနားယူခ်ိန္မွာ ႏွစ္ေပါင္း (၂၀)ၾကာ လုပ္ခဲ့တဲ့ အလုပ္က ပင္စင္ယူလုိက္သလုိ ခံစားရပါတယ္။ ဖိအားေတြ၊ အလုပ္ပိတာေတြ မရွိေတာ့ဘူး။ အနားယူခ်ိန္မွာ အိမ္ေထာင္ျပဳခဲ့ၿပီး ကေလးလည္း ရခဲ့တာေၾကာင့္ မိဘဘ၀ကုိ ကၽြန္ေတာ္ ပုိင္ဆုိင္ခဲ့ပါတယ္”လုိ႔ Gary က ဆုိပါတယ္။

ဆက္ၿပီးေတာ့ သူက “ကၽြန္ေတာ္ အႏုပညေလာကေန (၃)ႏွစ္ေက်ာ္ေလာက္အထိ အနားယူခဲ့တာပါ။ အဲဒီလုိ အနားယူေနခ်ိန္မွာ ကၽြန္ေတာ့္အေနနဲ႔ ၀မ္းနည္းတာမ်ဳိး၊ သနားစရာေကာင္းေနတာမ်ဳိး မရွိခဲ့ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ အိမ္မွာ မိသားစုနဲ႔ ေပ်ာ္စရာေကာင္းတဲ့ ဘ၀ကုိ တည္ေဆာက္ႏုိင္ခဲ့လုိ႔ပါ”လုိ႔ ဆုိပါတယ္။

Gary ဟာ KBS ႐ုပ္သံရဲ႕ Superman Returns အစီအစဥ္နဲ႔အတူ အႏုပညာေလာကကုိ ျပန္လည္၀င္ေရာက္လာခဲ့ၿပီး ဘာေၾကာင့္ ျပန္လာတယ္ဆုိတာကုိလည္း အခုလုိ ရွင္းျပခဲ့ပါတယ္။

Gary က “Superman Returns အစီအစဥ္ကုိ ကၽြန္ေတာ္ အၿမဲၾကည့္ျဖစ္တယ္။ တစ္ပုိင္းတစ္ေလေတာင္ လြတ္တာမ်ဳိး မရွိဘူး။ အခု ကၽြန္ေတာ့္ဘ၀ကုိ ၇၀ ရာခုိင္ႏႈန္းက မိဘဘ၀က ၃၀ ရာခုိင္ႏႈန္းက အလုပ္အတြက္ဆုိၿပီး ခဲြျခားထားပါတယ္။ ကၽြန္ေတာ့္ရဲ႕ လူေနမႈဘ၀နဲ႔ ကုိက္ညီတယ္ထင္လုိ႔ Superman Returns မွာ ပါ၀င္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ”လုိ႔ ဆုိပါတယ္။

– ဃဲ
Ref: Koreaboo

You cannot copy content of this page