Celebrity

■ ဇနီးသည်နဲ့ မင်္ဂလာဆောင်အခမ်းအနား မလုပ်ခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟခဲ့တဲ့ Gary

– – – ဘဝမှာ တစ်ခါသာရတဲ့ အခွင့်အရေးလို့ လူတွေ သတ်မှတ်ကြတဲ့ မင်္ဂလာဆောင်အခမ်းအနားကို Gary နဲ့ သူ့ဇနီးက ဘာကြောင့် …

Running Man နဲ့လမ်းခွဲပြီးနောက်မှာ အနုပညာလောကကပါ ရုတ်တရက် ပျောက်သွားတဲ့ Gary က သူ့အနေနဲ့ ဘာကြောင့် အနုပညာလောကကနေ (၃)နှစ်ကျော်ကြာ် ပျောက်သွားရသလဲဆိုတာကို ရသစုံလင်အစီအစဉ်တစ်ခုမှာ ရှင်းပြခဲ့သလို၊ သူ့ရဲ့ဇနီးသည်အကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးခဲ့တာပါ။

အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက Gary ဟာ လူတွေရဲ့ ဘဝမှာ ကြီးကျယ်ခမ်းနားဆုံးအဖြစ် မင်္ဂလာဆောင်အခမ်းအနားပြုလုပ်လေ့ရှိပေမဲ့ သူတို့ဇနီးမောင်နှံကတော့ အဲဒီလို လုပ်ခဲ့ခြင်းမရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တာပါ။

Gary က “ကျွန်တော်တို့ မင်္ဂလာဆောင်အခမ်းအနား မလုပ်ခဲ့ပါဘူး။ အမှန်တကယ်ပါ။ ကျွန်တော် အဲဒီမင်္ဂလာဆောင်အခမ်းအနားဆိုတာကို ကျော်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ အသိမိတ်ဆွေ အနည်းငယ်ကို ကျွန်တော်တို့ လက်ထပ်လိုက်ပြီလို့ ပြောခဲ့တယ်။

ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက် တရားရုံသွားပြီး မင်္ဂလာစာချုပ်မှာ လက်မှတ်ရေးထိုးရုံလောက်ပဲ ရှိတာပါ။ အဲဒါပြီးတော့ ကျွန်တော်တို့ အတူတူနေကြတယ်။ စားကြတယ်။ သောက်ကြတယ်”လို့ ပြောပါတယ်။

Gary က သူ့အနေနဲ့ မင်္ဂလာဆောင်အခမ်းအနား လုပ်စရာမလိုဘူးလို့ အစကတည်းက တွေးခဲ့ကြောင်း၊ သူ့ဇနီးကလည်း အဲဒီလိုစိတ်ရှိခဲ့ကြောင်း၊ မင်္ဂလာဆောင်အခမ်းအနားထက် သူတို့ရဲ့ ဆက်ဆံရေးက ပိုအရေးကြီးကြောင်းနဲ့ မင်္ဂလာဆောင်အခမ်းအနားမလုပ်ခဲ့ခြင်းအတွက် ဇနီးသည်ကို ကျေးဇူးတင်သလို၊ အားနာပြီး စိတ်မကောင်း ဖြစ်ရကြောင်းလည်း ဆိုခဲ့ပါတယ်။

– ဃဲ
Ref: Koreaboo

 

-Zawgyi

■ ဇနီးသည္နဲ႔ မဂၤလာေဆာင္အခမ္းအနား မလုပ္ခဲ့ဘူးလုိ႔ Gary ၀န္ခံ

– – – ဘ၀မွာ တစ္ခါသာရတဲ့ အခြင့္အေရးလုိ႔ လူေတြ သတ္မွတ္ၾကတဲ့ မဂၤလာေဆာင္အခမ္းအနားကုိ Gary နဲ႔ သူ႕ဇနီးက ဘာေၾကာင့္ …

Running Man နဲ႔လမ္းခဲြၿပီးေနာက္မွာ အႏုပညာေလာကကပါ ႐ုတ္တရက္ ေပ်ာက္သြားတဲ့ Gary က သူ႕အေနနဲ႔ ဘာေၾကာင့္ အႏုပညာေလာကကေန (၃)ႏွစ္ေက်ာ္ၾကာ္ ေပ်ာက္သြားရသလဲဆုိတာကုိ ရသစုံလင္အစီအစဥ္တစ္ခုမွာ ရွင္းျပခဲ့သလုိ၊ သူ႕ရဲ႕ဇနီးသည္အေၾကာင္းကုိလည္း ပရိသတ္ေတြကုိ အသိေပးခဲ့တာပါ။

အဲဒီမွာ စိတ္၀င္စားစရာေကာင္းတာက Gary ဟာ လူေတြရဲ႕ ဘ၀မွာ ႀကီးက်ယ္ခမ္းနားဆုံးအျဖစ္ မဂၤလာေဆာင္အခမ္းအနားျပဳလုပ္ေလ့ရွိေပမဲ့ သူတုိ႔ဇနီးေမာင္ႏွံကေတာ့ အဲဒီလုိ လုပ္ခဲ့ျခင္းမရွိဘူးလုိ႔ ပြင့္ပြင့္လင္းလင္း ၀န္ခံခဲ့တာပါ။

Gary က “ကၽြန္ေတာ္တုိ႔ မဂၤလာေဆာင္အခမ္းအနား မလုပ္ခဲ့ပါဘူး။ အမွန္တကယ္ပါ။ ကၽြန္ေတာ္ အဲဒီမဂၤလာေဆာင္အခမ္းအနားဆုိတာကုိ ေက်ာ္ခဲ့ၾကတယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ အသိမိတ္ေဆြ အနည္းငယ္ကုိ ကၽြန္ေတာ္တုိ႔ လက္ထပ္လုိက္ၿပီလုိ႔ ေျပာခဲ့တယ္။

ဒါေပမဲ့ ကၽြန္ေတာ္တုိ႔ ႏွစ္ေယာက္ တရား႐ုံသြားၿပီး မဂၤလာစာခ်ဳပ္မွာ လက္မွတ္ေရးထုိး႐ုံေလာက္ပဲ ရွိတာပါ။ အဲဒါၿပီးေတာ့ ကၽြန္ေတာ္တုိ႔ အတူတူေနၾကတယ္။ စားၾကတယ္။ ေသာက္ၾကတယ္”လုိ႔ ေျပာပါတယ္။

Gary က သူ႕အေနနဲ႔ မဂၤလာေဆာင္အခမ္းအနား လုပ္စရာမလုိဘူးလုိ႔ အစကတည္းက ေတြးခဲ့ေၾကာင္း၊ သူ႕ဇနီးကလည္း အဲဒီလုိစိတ္ရွိခဲ့ေၾကာင္း၊ မဂၤလာေဆာင္အခမ္းအနားထက္ သူတုိ႔ရဲ႕ ဆက္ဆံေရးက ပုိအေရးႀကီးေၾကာင္းနဲ႔ မဂၤလာေဆာင္အခမ္းအနားမလုပ္ခဲ့ျခင္းအတြက္ ဇနီးသည္ကုိ ေက်းဇူးတင္သလို၊ အားနာၿပီး စိတ္မေကာင္း ျဖစ္ရေၾကာင္းလည္း ဆုိခဲ့ပါတယ္။

– ဃဲ
Ref: Koreaboo

You cannot copy content of this page