Celebrity

■ ကျောင်းသားဘဝက Hyun Bin ဘယ်လိုဆိုတာကို ငယ်သူငယ်ချင်း ဖောက်သည်ချ

– – – အခြေခံအားဖြင့် ပြောရမယ်ဆိုရင်တော့ Hyun Bin အတွက်တော့ အားလုံးဟာ …

သရုပ်ဆောင်ဘဝတစ်လျှောက် ဇာတ်လမ်းတွဲ၊ ရုပ်ရှင်များစွာ ရိုက်ကူးခဲ့တဲ့ Hyun Bin ရဲ့ ကျော်ကြားမှုနဲ့ သူ့ရဲ့ချောမောတွေဟာ ဒီနေ့တိုင်အောင် ပရိသတ်တွေအကြား ပြောမဆုံးအောင် ဖြစ်နေဆဲပါပဲ။

Hyun Bin ရဲ့ ငယ်သူငယ်ချင်းက ပရိသတ်တွေရဲ့ အချစ်တော် Hyun Bin တစ်ယောက် အလယ်တန်း ကျောင်းသားဘဝတုန်းက ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာကို ရသစုံလင်အစီအစဉ်တစ်ခုမှာ ဖွင့်ဟခဲ့တာပါ။

သူက “ကျွန်တော်တို့ ကျောင်းသွားတဲ့အခါတိုင်း ဘတ်စ်ကားအတူတူ စီးလေ့ရှိတယ်။ Hyun Bin ကို မြင်တဲ့ မိန်းကလေးတိုင်းက သဘောကျကြတယ်။ မင်းက မိန်းကလေးတွေကြားမှာ ရေပန်းစားတယ်လို့ ပြောတဲ့အခါတိုင်း Hyun Bin မျက်နှာနီသွားလေ့ရှိတယ်”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ သူက “အထက်တန်းကျောင်းသားလည်း ရောက်တော့ Hyun Bin ရဲ့ ဖန်ကလပ်တောင် ရှိပါတယ်။ အဲဒီအချိန်တုန်းက Hyun Bin ဟာ အရမ်းချောတာပါ”လို့ ပြောဆိုခဲ့တာပါ။

Hyun Bin ဟာ ရုပ်တင်ချောတာ မဟုတ်ပါဘူး။ ကျောင်းသားဘဝတုန်းက ဉာဏ်လည်း အရမ်းကောင်းတယ်လို့ သူ့ရဲ့ငယ်သူငယ်ချင်းက ပြောပါတယ်။

သူက “Hyun Bin ဟာ Chung-Ang တက္ကသိုလ်မှာ theatre and film ဘာသာရပ်အတွက် တက်ရောက်ခဲ့ပေမဲ့ တခြား Cele တွေလိုမျိုး အခွင့်ထူးခံအနေနဲ့ တက်ရောက်ခွင့်ရခဲ့တာမျိုး မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ တက်ရောက်ခဲ့တာပါ”လို့လည်း ဆိုခဲ့ပါတယ်။

– ဃဲ
Ref: Koreaboo

 

-Zawgyi

■ ေက်ာင္းသားဘ၀က Hyun Bin ဘယ္လုိဆုိတာကုိ ငယ္သူငယ္ခ်င္း ေဖာက္သည္ခ်

– – – အေျခခံအားျဖင့္ ေျပာရမယ္ဆုိရင္ေတာ့ Hyun Bin အတြက္ေတာ့ အားလုံးဟာ …

သ႐ုပ္ေဆာင္ဘ၀တစ္ေလွ်ာက္ ဇာတ္လမ္းတဲြ၊ ႐ုပ္ရွင္မ်ားစြာ ႐ုိက္ကူးခဲ့တဲ့ Hyun Bin ရဲ႕ ေက်ာ္ၾကားမႈနဲ႔ သူ႕ရဲ႕ေခ်ာေမာေတြဟာ ဒီေန႔တုိင္ေအာင္ ပရိသတ္ေတြအၾကား ေျပာမဆုံးေအာင္ ျဖစ္ေနဆဲပါပဲ။

Hyun Bin ရဲ႕ ငယ္သူငယ္ခ်င္းက ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ Hyun Bin တစ္ေယာက္ အလယ္တန္း ေက်ာင္းသားဘ၀တုန္းက ဘယ္လုိျဖတ္သန္းခဲ့တယ္ဆုိတာကုိ ရသစုံလင္အစီအစဥ္တစ္ခုမွာ ဖြင့္ဟခဲ့တာပါ။

သူက “ကၽြန္ေတာ္တုိ႔ ေက်ာင္းသြားတဲ့အခါတုိင္း ဘတ္စ္ကားအတူတူ စီးေလ့ရွိတယ္။ Hyun Bin ကုိ ျမင္တဲ့ မိန္းကေလးတုိင္းက သေဘာက်ၾကတယ္။ မင္းက မိန္းကေလးေတြၾကားမွာ ေရပန္းစားတယ္လုိ႔ ေျပာတဲ့အခါတုိင္း Hyun Bin မ်က္ႏွာနီသြားေလ့ရွိတယ္”လုိ႔ ဆုိပါတယ္။

ဆက္ၿပီးေတာ့ သူက “အထက္တန္းေက်ာင္းသားလည္း ေရာက္ေတာ့ Hyun Bin ရဲ႕ ဖန္ကလပ္ေတာင္ ရွိပါတယ္။ အဲဒီအခ်ိန္တုန္းက Hyun Bin ဟာ အရမ္းေခ်ာတာပါ”လုိ႔ ေျပာဆုိခဲ့တာပါ။

Hyun Bin ဟာ ႐ုပ္တင္ေခ်ာတာ မဟုတ္ပါဘူး။ ေက်ာင္းသားဘ၀တုန္းက ဥာဏ္လည္း အရမ္းေကာင္းတယ္လုိ႔ သူ႕ရဲ႕ငယ္သူငယ္ခ်င္းက ေျပာပါတယ္။

သူက “Hyun Bin ဟာ Chung-Ang တကၠသုိလ္မွာ theatre and film ဘာသာရပ္အတြက္ တက္ေရာက္ခဲ့ေပမဲ့ တျခား Cele ေတြလုိမ်ဳိး အခြင့္ထူးခံအေနနဲ႔ တက္ေရာက္ခြင့္ရခဲ့တာမ်ဳိး မဟုတ္ဘဲ သူ႕ရဲ႕ ကုိယ္ပုိင္အရည္အခ်င္းနဲ႔ တက္ေရာက္ခဲ့တာပါ”လုိ႔လည္း ဆုိခဲ့ပါတယ္။

– ဃဲ
Ref: Koreaboo

You cannot copy content of this page