— GOT7 အဖွဲ့ဝင် Bam Bam ရဲ့ တစ်ယောက်တည်းနေရင် တစ်မျိုး၊ အဖွဲ့ဝင်တွေဆို နောက်တစ်မျိုး ပြုလုပ်တဲ့အမူအကျင့်လေးတွေကို Yugyeom က ဖောက်သည်ချခဲ့ပါတယ်။
GOT7 အဖွဲ့ဟာ မကြာသေးခင်က Weekly Idol အစီအစဉ်မှာပါဝင်ခဲ့ပြီး အဲဒီမှာ အဖွဲ့ဝင်တွေရဲ့ အကြောင်းအရာမြောက်များစွာကို ပြောပြခဲ့ပါတယ်။ Yugyeom က BamBam ဟာ အဖွဲ့ဝင်တစ်ဦးနဲ့ ရှိနေတယ်ဆိုရင် စကားတွေအများကြီးပြောတတ်တဲ့သူမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ အဖွဲ့ဝင်တွေအားလုံးနဲ့ အတူရှိနေတဲ့အချိန်ဆိုရင် BamBam ဟာ ရုတ်တရက်အမူအရာတွေ ပြောင်းသွားသလို အလွန်အားအင်ပြည့်နေတဲ့ပုံစံဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
Yugyeom ဟာ BamBam ရဲ့ အမူအရာကို စကားနဲ့သာပြောရုံမက လမ်းလျှောက်ပုံစတိုင်ကပါ ဘယ် လိုလဲဆိုတာကို ပြောရင်းနဲ့ ပြသခဲ့ပါတယ်။ BamBam ဟာ အခြားအဖွဲ့ဝင်တွေပင်ပန်းနေတာကို တက် ကြွစေချင်တဲ့ပုံစံနဲ့ Mood တွေပြောင်းလဲအောင် ကြိုးပမ်းခဲ့တာပါလို့လည်း ပြောခဲ့ပါတယ်။
အဲဒီမှာ JB ကလည်း BamBam ကိုစတဲ့သဘောနဲ့ BamBam ဟာ ဒီလိုပဲ မထီတဲ့ပုံနဲ့ လမ်းလျှောက် တတ်ပါသေးတယ်လို့ အမူအရာနဲ့ပြသတဲ့အခါ အားလုံးက ရယ်မောပြီး ပွဲကျသွားခဲ့ပါတယ်။
-m2t
Ref: Koreaboo