Drama

■ “All Of Us Are Dead” က Kiss Scene နဲ့ပတ်သက်လို့ Park Solomon နဲ့ Cho Yi Hyun တို့ရဲ့ ဖွင့်ဟချက်

– – အဲဒီ Kiss Scene အတွက် သူတို့နှစ်ယောက် ဘာကြောင့် (၁၇)ခေါက်အထိတောင် ရိုက်ခဲ့ရသလဲဆိုတာကို သူတို့ကိုယ်တိုင် ရှင်းပြထားပြီး Park Solomon ကတော့ သူ့ရဲ့ …

Netflix ရဲ့ အခု အရမ်းကို နာမည်ကြီးနေတဲ့ All of Us Are Dead ဇာတ်လမ်းတွဲမှာ ရမ်းစက်ကြမ်းကြုတ်မှုတွေ၊ ကြောက်ရွံထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေပေမဲ့ အိုအေစစ်လို့ ဆိုရမယ့် Lee Su Hyuk(Park Solomon) နဲ့ Choi Nam Ra(Cho Yi Hyun) တို့ရဲ့ Kiss Scene လည်း ပါဝင်နေတာပါ။

All of Us Are Dead ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင်တွေနဲ့ ဒါရိုက်တာတို့ကို Netflix က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Park Solomon ခေါ် Lomon နဲ့ Cho Yi Hyun တို့က အဲဒီ Kiss Scene အကြောင်းကို ပြောပြခဲ့ပါတယ်။

Kiss Scene အကြောင်းကို ဆွေးနွေးမယ်လို့ လုပ်တဲ့အချိန်မှာတော့ Park Solomon တစ်ယောက် အပြုံးကြီး ပြုံးနေခဲ့တာကြောင့် အင်တာဗျူးသမားတောင် စနောက်ခဲ့ရတဲ့အထိပါပဲ။ Park Solomon ပြုံးရလောက်အောင်လည်း အကြောင်းပြချက်ကောင်းက ရှိနေခဲ့တာပါ။

Kiss Scene က အရမ်းကို အဆင်ပြေချောမွေ့ပုံပေါ်ပေမဲ့ Park Solomon က သူတို့အနေနဲ့ အဲဒီ Kiss Scene ရဖို့အတွက် (၁၇)ခေါက်တောင် ရိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ မင်းသမီး Cho Yi Hyun က Kiss Scene (၁၇) ခေါက်ရိုက်ခဲ့ရတာ သူ့ကြောင့်ဖြစ်ပြီး ရယ်စရာကောင်းတဲ့ အမှန်တရားကို ပြောပြခဲ့ပါတယ်။

အနမ်းခန်းတွေ ရိုက်တဲ့အခါ မိန်းကလေးက မျက်လုံးမှိတ်ထားလေ့ရှိပါတယ်။ ပြဿနာက အဲဒီမှာ စတာပါ။ Cho Yi Hyun က “Lomon ကို ကျွန်မ အရမ်းအားနာရပါတယ်။ ကျွန်မ မျက်လုံးမှိတ်လိုက်ရင် သူ့နှုတ်ခမ်း ဘယ်မှာ ရှိတယ်ဆိုတာကို ရှာမတွေ့တာကြောင့် အကြိမ်ကြိမ် ပြန်ရိုက်ခဲ့ရတာပါ”လို့ ပြောတဲ့အချိန်မှာတော့ အားလုံး ပွဲကျခဲ့ရပါတယ်။

Cho Yi Hyun က သူ့ရဲ့ အမှားအတွက် အားနာပြီး Park Solomon ကို တောင်းပန်ပေမဲ့ Park Solomon ကတော့ တစ်ချက်မှ စိတ်ပျက်ခြင်းမရှိပါဘူး။

သူက Kiss Scene အကြိမ်ကြိမ် ပြန်ရိုက်ရတာကို ပျော်နေတာပါလို့ Cho Yi Hyun က ဆိုခဲ့ပြီး Park Solomon ကလည်း ဟုတ်မှန်ကြောင်း ဝန်ခံခဲ့ပါတယ်။

ပြီးတော့ Park Solomon ဟာ အဲဒီ Kiss Scene ဟာ “All Of Us Are Dead” ဇာတ်လမ်းတွဲမှာ သူအကြိုက်ဆုံး အခန်းဖြစ်တယ်လို့ ပြောခဲ့ရမှာတော့ အားလုံးပွဲကျခဲ့ကြပြန်ပါတယ်။

Park Solomon က “အနမ်းခန်း ရိုက်ပြီးတဲ့နောက်မှာ မင်းသားတွေ အချစ်ဇာတ်ကားတွေ၊ အချစ်ဇာတ်လမ်းတွေ ရိုက်ချင်ကြတာ ဒါကြောင့်ပါလားလို့ ကျွန်တော် နားလည်သွားတယ်။ ဒီဇာတ်လမ်းတွဲမှာ ကျွန်တော် အကြိုက်ဆုံး အခန်းပါပဲ”လို့ ဆိုခဲ့တာပါ။

Kiss Scene အကြောင်း ပြောပြထားတဲ့ Cho Yi Hyun နဲ့ Park Solomon တို့ရဲ့ ချစ်စရာ၊ ရယ်စရာ အင်တာဗျူးကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

– ဃဲ
Source: Netfix

 

-Zawgyi

■ “All Of Us Are Dead” က Kiss Scene နဲ႔ပတ္သက္လုိ႔ Park Solomon နဲ႔ Cho Yi Hyun တုိ႔ရဲ႕ ဖြင့္ဟခ်က္

– – အဲဒီ Kiss Scene အတြက္ သူတုိ႔ႏွစ္ေယာက္ ဘာေၾကာင့္ (၁၇)ေခါက္အထိေတာင္ ႐ုိက္ခဲ့ရသလဲဆုိတာကို သူတုိ႔ကုိယ္တုိင္ ရွင္းျပထားၿပီး Park Solomon ကေတာ့ သူ႕ရဲ႕ …

Netflix ရဲ႕ အခု အရမ္းကုိ နာမည္ႀကီးေနတဲ့ All of Us Are Dead ဇာတ္လမ္းတဲြမွာ ရမ္းစက္ၾကမ္းၾကဳတ္မႈေတြ၊ ေၾကာက္ရြံထိတ္လန္႔မႈေတြနဲ႔ ျပည့္ႏွက္ေနေပမဲ့ အုိေအစစ္လုိ႔ ဆုိရမယ့္ Lee Su Hyuk(Park Solomon) နဲ႔ Choi Nam Ra(Cho Yi Hyun) တုိ႔ရဲ႕ Kiss Scene လည္း ပါ၀င္ေနတာပါ။

All of Us Are Dead ဇာတ္လမ္းတဲြရဲ႕ အဓိကဇာတ္ေကာင္ေတြနဲ႔ ဒါ႐ုိက္တာတုိ႔ကုိ Netflix က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ Park Solomon ေခၚ Lomon နဲ႔ Cho Yi Hyun တုိ႔က အဲဒီ Kiss Scene အေၾကာင္းကုိ ေျပာျပခဲ့ပါတယ္။

Kiss Scene အေၾကာင္းကုိ ေဆြးေႏြးမယ္လုိ႔ လုပ္တဲ့အခ်ိန္မွာေတာ့ Park Solomon တစ္ေယာက္ အၿပံဳးႀကီး ၿပံဳးေနခဲ့တာေၾကာင့္ အင္တာဗ်ဴးသမားေတာင္ စေနာက္ခဲ့ရတဲ့အထိပါပဲ။ Park Solomon ၿပံဳးရေလာက္ေအာင္လည္း အေၾကာင္းျပခ်က္ေကာင္းက ရွိေနခဲ့တာပါ။

Kiss Scene က အရမ္းကုိ အဆင္ေျပေခ်ာေမြ႕ပုံေပၚေပမဲ့ Park Solomon က သူတုိ႔အေနနဲ႔ အဲဒီ Kiss Scene ရဖုိ႔အတြက္ (၁၇)ေခါက္ေတာင္ ႐ုိက္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။ မင္းသမီး Cho Yi Hyun က Kiss Scene (၁၇) ေခါက္႐ုိက္ခဲ့ရတာ သူ႕ေၾကာင့္ျဖစ္ၿပီး ရယ္စရာေကာင္းတဲ့ အမွန္တရားကုိ ေျပာျပခဲ့ပါတယ္။

အနမ္းခန္းေတြ ႐ုိက္တဲ့အခါ မိန္းကေလးက မ်က္လုံးမွိတ္ထားေလ့ရွိပါတယ္။ ျပႆနာက အဲဒီမွာ စတာပါ။ Cho Yi Hyun က “Lomon ကုိ ကၽြန္မ အရမ္းအားနာရပါတယ္။ ကၽြန္မ မ်က္လုံးမွိတ္လုိက္ရင္ သူ႕ႏႈတ္ခမ္း ဘယ္မွာ ရွိတယ္ဆုိတာကုိ ရွာမေတြ႕တာေၾကာင့္ အႀကိမ္ႀကိမ္ ျပန္႐ုိက္ခဲ့ရတာပါ”လုိ႔ ေျပာတဲ့အခ်ိန္မွာေတာ့ အားလုံး ပဲြက်ခဲ့ရပါတယ္။

Cho Yi Hyun က သူ႕ရဲ႕ အမွားအတြက္ အားနာၿပီး Park Solomon ကုိ ေတာင္းပန္ေပမဲ့ Park Solomon ကေတာ့ တစ္ခ်က္မွ စိတ္ပ်က္ျခင္းမရွိပါဘူး။ သူက Kiss Scene အႀကိမ္ႀကိမ္ ျပန္႐ုိက္ရတာကုိ ေပ်ာ္ေနတာပါလုိ႔ Cho Yi Hyun က ဆုိခဲ့ၿပီး Park Solomon ကလည္း ဟုတ္မွန္ေၾကာင္း ၀န္ခံခဲ့ပါတယ္။

ၿပီးေတာ့ Park Solomon ဟာ အဲဒီ Kiss Scene ဟာ “All Of Us Are Dead” ဇာတ္လမ္းတဲြမွာ သူအႀကိဳက္ဆုံး အခန္းျဖစ္တယ္လုိ႔ ေျပာခဲ့ရမွာေတာ့ အားလုံးပဲြက်ခဲ့ၾကျပန္ပါတယ္။

Park Solomon က “အနမ္းခန္း ႐ုိက္ၿပီးတဲ့ေနာက္မွာ မင္းသားေတြ အခ်စ္ဇာတ္ကားေတြ၊ အခ်စ္ဇာတ္လမ္းေတြ ႐ုိက္ခ်င္ၾကတာ ဒါေၾကာင့္ပါလားလုိ႔ ကၽြန္ေတာ္ နားလည္သြားတယ္။ ဒီဇာတ္လမ္းတဲြမွာ ကၽြန္ေတာ္ အႀကိဳက္ဆုံး အခန္းပါပဲ”လုိ႔ ဆုိခဲ့တာပါ။

Kiss Scene အေၾကာင္း ေျပာျပထားတဲ့ Cho Yi Hyun နဲ႔ Park Solomon တုိ႔ရဲ႕ ခ်စ္စရာ၊ ရယ္စရာ အင္တာဗ်ဴးကုိ ေအာက္က ဗီဒီယုိမွာ ၾကည့္႐ႈႏုိင္ပါတယ္။

– ဃဲ
Source: Netfix

You cannot copy content of this page