Drama

■ All of Us Are Dead က ခေါင်းဆောင်မင်းသား Yoon Chan Young ဆိုတာ ဘယ်သူလဲ

– – အသက် ၂၀ သာ ရှိသေးပေမဲ့ Yoon Chan Young က ဝါရင့်မင်းသားတစ်ယောက်ဆိုရင် ခင်ဗျားတို့ အံ့သြသွားမယ် ထင်ပါတယ်။ သူက ဘာကြောင့် ဝါရင့်မင်းသားဖြစ်နေရတာလဲ။

ဇန်နဝါရီလကုန်ပိုင်းက Netflix က ထုတ်လွှင့်ခဲ့တဲ့ zombie ဇာတ်လမ်းတွဲ All Of Us Are Dead ဟာ Mega-hit ဇာတ်လမ်းတွဲဖြစ်ခဲ့ပြီး အဲဒီဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု၊ အာရုံစိုက်မှုတွေကို ရရှိခဲ့ပါတယ်။

All Of Us Are Dead ဇာတ်လမ်းတွဲမှာ Park Solomon, Choi Yi Hyun, Park Ji Hoo နဲ့အတူ အဓိက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သူက Yoon Chan Young ပါ။ Yoon Chan Young ဟာ ဒီဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသား Cheong San အဖြစ် သရုပ်ဆောင်ခဲ့တာပါ။

၂၀၀၁ ခုနှစ် ဧပြီလ ၂၅ ရက်မှာ မွေးဖွားတာဖြစ်လို့ Yoon Chan Young ဟာ နိုင်ငံတကာရေတွက်မှုအရ အသက် (၂၀)ကျော်သာ ရှိတာပါ။ ဒါပေမဲ့ သူက သူ့နည်းသူ့ဟန်နဲ့တော့ ဝါရင့်မင်းသားတစ်ဦး ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ၂၀၁၃ ခုနှစ်မှာ When a Man Falls in Love ဇာတ်လမ်းတွဲမှာ အသက် (၁၂)နှစ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့လို့ပါ။

အဲဒီကတည်းက Yoon Chan Young ဟာ ခေါင်းဆောင်မင်းသားအဖြစ် ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ရပြီး Doctor Romantic, Bride Of Habaek နဲ့ Still 17 တို့ကတော့ သူ့ရဲ့ နာမည်ကျော် ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။

ဒါ့ပြင် Yoon Chan Young ဟာ ဇာတ်ကားတွေမှာလည်း ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး အသက်အရွယ်ငယ်သေးတာကြောင့် သူ့အနေနဲ့ အနာဂတ်မှာ အခုထက်ပိုပြီး တောက်ပလာမှာတော့ ခန့်မှန်းနေစရာတောင် မလိုဘူး မဟုတ်လား။

Yoon Chan Young ဟာ Hanyang University က ဘွဲ့ရထားပြီး Song Yoon A နဲ့ Shin Dong Wook လက်တွဲထားတဲ့ အေဂျင်စီ Snowball Entertainment နဲ့ စာချုပ်ချုပ်ထားတာပါ။ Yoon Chan Young က multitalented အနုပညာရှင် ဖြစ်ပါတယ်။

Yoon Chan Young က Rap ရွတ်တာကို နှစ်သက်ပြီး Mnet ရဲ့ High School Rapper အစီအစဉ်မှာတောင် ပါဝင်ချင်တယ်လို့ ဆိုထားသူပါ။ သူက စန္ဒယားကိုလည်း ကောင်းကောင်းတီးတတ်ပါသေးတယ်။ သူ့ရဲ့ Instagram မှာ ပုံတွေ မကြာခဏ တင်လေ့ရှိပါတယ်။

Yoon Chan Young အနေနဲ့ အသက်အရွယ် ငယ်သေးပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ ဘာလာလာ ရတယ်ဆိုတာကို သက်သေပြထားပြီးသားပါ။ ဒါကြောင့် All of Us Are Dead ဇာတ်လမ်းတွဲက Yoon Chan Young အတွက် အနာဂတ်မှာ သူ့အတွက် အနုပညာလောကမှာ တံခါးကျယ်ကျယ်ဖွင့်ထားမှာကိုတော့ သံသယဖြစ်စရာ မရှိပါဘူး။

– ဃဲ
Source: @yooncy1

 

-Zawgyi

■ All of Us Are Dead က ေခါင္းေဆာင္မင္းသား Yoon Chan Young ဆုိတာ ဘယ္သူလဲ

– – အသက္ ၂၀ သာ ရွိေသးေပမဲ့ Yoon Chan Young က ၀ါရင့္မင္းသားတစ္ေယာက္ဆုိရင္ ခင္ဗ်ားတုိ႔ အံ့ၾသသြားမယ္ ထင္ပါတယ္။ သူက ဘာေၾကာင့္ ၀ါရင့္မင္းသားျဖစ္ေနရတာလဲ။

ဇန္န၀ါရီလကုန္ပိုင္းက Netflix က ထုတ္လႊင့္ခဲ့တဲ့ zombie ဇာတ္လမ္းတဲြ All Of Us Are Dead ဟာ Mega-hit ဇာတ္လမ္းတဲြျဖစ္ခဲ့ၿပီး အဲဒီဇာတ္လမ္းတဲြမွာ ပါ၀င္တဲ့ သ႐ုပ္ေဆာင္ေတြဟာ ပရိသတ္ေတြရဲ႕ စိတ္၀င္စားမႈ၊ အာ႐ုံစုိက္မႈေတြကုိ ရရွိခဲ့ပါတယ္။

All Of Us Are Dead ဇာတ္လမ္းတဲြမွာ Park Solomon, Choi Yi Hyun, Park Ji Hoo နဲ႔အတူ အဓိက ေခါင္းေဆာင္မင္းသားအျဖစ္ ပါ၀င္ခဲ့သူက Yoon Chan Young ပါ။ Yoon Chan Young ဟာ ဒီဇာတ္လမ္းတဲြမွာ ေခါင္းေဆာင္မင္းသား Cheong San အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာပါ။

၂၀၀၁ ခုႏွစ္ ဧၿပီလ ၂၅ ရက္မွာ ေမြးဖြားတာျဖစ္လုိ႔ Yoon Chan Young ဟာ ႏုိင္ငံတကာေရတြက္မႈအရ အသက္ (၂၀)ေက်ာ္သာ ရွိတာပါ။ ဒါေပမဲ့ သူက သူ႕နည္းသူ႕ဟန္နဲ႔ေတာ့ ၀ါရင့္မင္းသားတစ္ဦး ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ၂၀၁၃ ခုႏွစ္မွာ When a Man Falls in Love ဇာတ္လမ္းတဲြမွာ အသက္ (၁၂)ႏွစ္ကတည္းက ကေလးသ႐ုပ္ေဆာင္အျဖစ္ ပါ၀င္ခဲ့လုိ႔ပါ။

အဲဒီကတည္းက Yoon Chan Young ဟာ ေခါင္းေဆာင္မင္းသားအျဖစ္ ဇာတ္လမ္းတဲြ ႐ုိက္ကူးခဲ့ရၿပီး Doctor Romantic, Bride Of Habaek နဲ႔ Still 17 တုိ႔ကေတာ့ သူ႕ရဲ႕ နာမည္ေက်ာ္ ဇာတ္လမ္းတဲြေတြ ျဖစ္ပါတယ္။

ဒါ့ျပင္ Yoon Chan Young ဟာ ဇာတ္ကားေတြမွာလည္း ေျပာင္ေျမာက္စြာ သ႐ုပ္ေဆာင္ႏုိင္ခဲ့ၿပီး အသက္အရြယ္ငယ္ေသးတာေၾကာင့္ သူ႕အေနနဲ႔ အနာဂတ္မွာ အခုထက္ပုိၿပီး ေတာက္ပလာမွာေတာ့ ခန္႔မွန္းေနစရာေတာင္ မလိုဘူး မဟုတ္လား။

Yoon Chan Young ဟာ Hanyang University က ဘဲြ႕ရထားၿပီး Song Yoon A နဲ႔ Shin Dong Wook လက္တဲြထားတဲ့ ေအဂ်င္စီ Snowball Entertainment နဲ႔ စာခ်ဳပ္ခ်ဳပ္ထားတာပါ။ Yoon Chan Young က multitalented အႏုပညာရွင္ ျဖစ္ပါတယ္။

Yoon Chan Young က Rap ရြတ္တာကုိ ႏွစ္သက္ၿပီး Mnet ရဲ႕ High School Rapper အစီအစဥ္မွာေတာင္ ပါ၀င္ခ်င္တယ္လုိ႔ ဆုိထားသူပါ။ သူက စႏၵယားကုိလည္း ေကာင္းေကာင္းတီးတတ္ပါေသးတယ္။ သူ႕ရဲ႕ Instagram မွာ ပုံေတြ မၾကာခဏ တင္ေလ့ရွိပါတယ္။

Yoon Chan Young အေနနဲ႔ အသက္အရြယ္ ငယ္ေသးေပမဲ့ သ႐ုပ္ေဆာင္ပုိင္းနဲ႔ ဘာလာလာ ရတယ္ဆုိတာကုိ သက္ေသျပထားၿပီးသားပါ။ ဒါေၾကာင့္ All of Us Are Dead ဇာတ္လမ္းတဲြက Yoon Chan Young အတြက္ အနာဂတ္မွာ သူ႕အတြက္ အႏုပညာေလာကမွာ တံခါးက်ယ္က်ယ္ဖြင့္ထားမွာကုိေတာ့ သံသယျဖစ္စရာ မရွိပါဘူး။

– ဃဲ
Source: @yooncy1

You cannot copy content of this page