K pop

■ ချစ်သူဖြစ်သူ Baseball ကစားသမားနဲ့ လက်ထပ်တော့မယ့် T-ara Jiyeon

– – T-ara အဖွဲ့ရဲ့ အငယ်ဆုံး Jiyeon ဟာ ပရို Baseball ကစားသမားတစ်ဦးဖြစ်သူ … နဲ့ လက်ထပ်တော့မယ်လို့  …

T-ara အဖွဲ့ဝင် Jiyeon ဟာ သူ့ရဲ့ IG မှာ ချစ်သူ ဖြစ်သူ Baseball ကစားသမား Hwang Jae Gyun နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့အတူ လက်ရေးစာ တစ်စောင်ရေးကာ ပရိသတ်ကို အသိပေးခဲ့ပါတယ်။

Jiyeon ရဲ့ လက်ရေးစာမူမှာ “ကျွန်မအနေနဲ့ ပရိသတ်တွေကို တိုက်ရိုက်အသိပေးချင်တာ ရှိလို့ သတ္တိမွေးပြီး ဒီစာကို ရေးလိုက်ပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ ကျွန်မ ပွဲထွကိခဲ့ပြီး အခုဆို အသက် ၃၀ နားတောင် ကပ်နေပါပြီ။

ပွဲထွက်စတုန်းကဘအသက်ငယ်သေးတာကြောင့် အရာရာကို ကြောက်ရွံခဲ့ပြီး အသက် ၂၀ အရွယ်ထိတောင် ထိတ်လန့်နေတုန်းပါပဲ။ ကျွန်မအနေနဲ့ အရှုံးပေးချင်တဲ့ အချိန်တွေ ရှိခဲ့ပေမဲ့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ရှေ့ဆက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့အထိ ကျွန်မ ရပ်တည်နေနိုင်တာဖြစ်ပြီး အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ အခု ပရိသတ်တွေကို အသိပေးချင်တာက ကျွန်မမှာ ချစိသူ ရှိနေပါပြီ။

ပြီးခဲ့တဲ့နှစ်က သူငယ်ချင်းတွေရဲ့ မိတ်ဆက်ပေးမှုနဲ့အတူ ကျွန်မတို့ သိခဲ့ကြပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ လာမရ့် ဆောင်းရာသီမှာ လက်ထပ်မယ်လို့ ကျွန်မတို့ ကတိပေးထားပါတယ်။

သူက ကျွန်မအတွက် ဘုရားပေးတဲ့ လက်ဆောင်ပါပဲ။ အရာအားလုံးမှာ ကျွန်မကို ဦးစားပေးလေ့ ရှိတယ်။ ကျွန်မရဲ့ သောကတွေကို ဖြေဖျောက်ပေးသူ။ ကွန်မကို ပျော်ရွှင်စေသူပါ။

အခုသတင်းကြောင့် မထိတ်လန့်စေဖို့ မျှော်လင့်ပါတယ်။ ကျွန်မအနေနဲ့ အနာဂတ်မှာ အကောင်းဆုံး ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ပြန်လည်ပေးဆပ်ဖို့ ကြိုးစားသွားမှာပါ” လို့ ရေးသားထားပါတယ်။

– ဃဲ
Source: Jiyeon IG

You cannot copy content of this page