K pop

■ ဒီနာမည်ကိုခေါ်ရင် YoonA အရမ်းသဘောကျပါသတဲ့

— – – အလှဘုရင်မ YoonA ဟာ သူမရဲ့လှပမှုကြောင့် နာမည်ပြောင်တွေ များစွာရှိပေမဲ့ သဘောအကျဆုံး …

Girls’ Generation အဖွဲ့ဝင် YoonA ဟာ Actor & Chatter နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ သူမရဲ့ အလှအပပတ်သက်ပြီး နာမည်ပြောင်တွေအကြောင်းကို ပြောပြခဲ့တာပါ။

YoonA ရဲ့ နာမည်ပြောင်များစွာထဲမှာ “Yoongphrodite” ဆိုတဲ့ အမည်လေးတစ်ခု ရှိပါတယ်။ ဒဏ္ဍာရီမှာ အလှဘုရင်မဖြစ်တဲ့ Aphrodite အစွဲပြီး “Yoongphrodite” လို့ YoonA ကို တင်စားကြတာဖြစ်ပါတယ်။

အဲဒီနာမည်ပြောင်နဲ့ ပတ်သက်လို့ YoonA က “ဒီအကြောင်းနဲ့ပတ်သက်လို့ ကျွန်မ ကိုယ့်ကိုယ်ကို နိမ့်ချချင်ပါတယ်(ရယ်လျှက်) မှန်ကြည့်အခါမျိုးမှာ တစ်ခါတလေတော့ ကိုယ့်ကိုယ်ကို လှတယ်လို့ ခံစားရတဲ့အခါမျိုး ရှိပါတယ်။ အထူးသဖြင့် မိတ်ကပ်တွေ လိမ်းထားတဲ့အခါမျိုးမှာပေါ့”လို့ YoonA က ဆိုပါတယ်။

YoonA ဟာ ဂန္ထဝင်တွင်အောင် လှပေမဲ့ အလှအပနဲ့ ပတ်သက်ပြီး သူမကို ပေးထားတဲ့ နာမည်ပြောင်တွေထက် သူမ သဘောအကျဆုံး နာမည်ပြောင်လေးတစ်ခု ရှိပါတယ်တဲ့။

“ကျွန်မကို လူတွေက ‘Yoong’ လို့ ခေါ်တာကို ကျွန်မ အရမ်းသဘောကျပါတယ်။ လူတော်တော်များများကလည်း ကျွန်မကို အဲဒီလို ခေါ်ကြတယ်။ အဲဒီနာမည်ပြောင်လေးက ရင်းနှီးမှု ပိုရှိတယ်လို့ ခံစားပါတယ်”ဆိုပြီး YoonA က ပြောပြခဲ့တာပါ။

— ဃဲ
Ref: Actor & Chatter & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page