K pop

■ စစ်မှုတာဝန်ပြီးဆုံးပြီးနောက် EXO-L တွေအတွက် Xiumin ရဲ့ ပထမဆုံးမိတ်ဆက်

— – – EXO အဖွဲ့ရဲ့ fan community ဖြစ်တဲ့ Lysn မှာ Xiumin က သူ့ရဲ့ဓာတ်ပုံတွေနဲ့အတူ ပရိသတ်တွေအတွက် ရေးထားတဲ့စာက …

EXO အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Xiumin ဟာ ဒီဇင်ဘာ (၆)ရက်မှာ စစ်မှုထမ်းဆောင်မှုတရားဝင်ပြီးဆုံးခဲ့ပြီး ပထမဆုံးအနေနဲ့ သူတို့ရဲ့ ပရိသတ်တွေဖြစ်တဲ့ EXO-L တွေကို နှုတ်ဆက်ခဲ့ပါတယ်။

Xiumin ဟာ EXO အဖွဲ့ရဲ့ fan community ဖြစ်တဲ့ Lysn မှာ သူ့ရဲ့ ဓာတ်ပုံတွေနဲ့အတူ ပရိသတ်တွေအတွက် ရေးသားထားတဲ့ လက်ရေးစာတစ်စောင်ကို ဝေမျှခဲ့တာပါ။

“ကျွန်တော် စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့ပါပြီ။ အားလုံး နေကောင်းကြတယ် မဟုတ်လား။ ကျွန်တော့်ကို စောင့်မျှော်နေတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေက အများကြီးပါ။ အခုတော့ စိုးရိမ်သောကတွေ ကင်းဝေးတဲ့ ကာလကို ရောက်ရှိလာပါပြီ။ ပျော်ရွှင်မှုတွေ စတင်တော့မယ်။ မကြာခင် တွေ့ကြမယ်”လို့ Xiumin က ရေးသားထားတာပါ။

Xiumin ဟာ EXO အဖွဲ့ထဲမှာ စစ်မှုထမ်းတာဝန်ကို ပထမဆုံးပြီးဆုံးတဲ့ အဖွဲ့ဝင်ဖြစ်ပြီး ၂၀၂၁ အစောပိုင်းမှာ တခြား EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ D.O. ရဲ့ စစ်မှုထမ်းတာဝန်လည်း ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

— ဃဲ
Ref: Lysn & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page