K pop

■ MAMA မှာ ဆုရနည်းလို့ တောင်းပန်ခဲ့တဲ့ ONCE တွေကို Jihyo နဲ့ Nayeon နှစ်သိမ့်

— – – 2020 MAMA မှာ ဆုရနည်းတာနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်နေတဲ့ ONCE တွေကို Jihyo နဲ့ Nayeon တို့ ပြောကြားထားတာတွေက …

2020 Mnet Asian Music Awards မှာ TWICE အဖွဲ့ဟာ Categories တော်တော်များများ ဆန်ခါတင်စာရင်း ဝင်ခဲ့ပေမဲ့ Worldwide Fans’ Choice Top 10 နဲ့ Most Popular Artist ဆုတွေသာ ရရှိခဲ့ပါတယ်။

ဒါကြောင့် TWICE အဖွဲ့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ ONCE တွေက အဖွဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြပြီး သူတို့ Idol တွေကို တောင်းပန်ခဲ့ကြပါတယ်။

TWICE အဖွဲ့ခေါင်းဆောင် Jihyo ရဲ့ VLIVE+ အောက်မှာ ONCE တွေက တောင်းပန်ကြောင်း Comment တွေ ရေးသားခဲ့လို့ Jihyo က “ONCE တွေကို ကျေးဇူးတင်ပါတယ်။ ရှင်တို့က ဘာအမှားမှ မလုပ်ဘဲနဲ့ ဘာကြောင့် တောင်းပန်ရတာလဲ။ ကျွန်မတို့ကို ဆုမပေးတာကို ဘာကြောင့် ရှင်တို့ စိတ်မကောင်းဖြစ်ရမှာလဲ။ ကျွန်မတို့ ဆုတွေ ရခဲ့ပြီးပါပြီ။ ကျွန်မတို့ကို ONCE တွေ ပေးခဲ့တဲ့ ဆုတွေအတွက် ကျွန်မ အရမ်းပျော်ရွှင်ရပါတယ်”လို့ ပြောကြားခဲ့တာပါ။

Nayeon ကလည်း “Cry For Me သီချင်းက အစတုန်းက လုံးဝမထုတ်ဖို့ ရည်မှန်းထားတဲ့ သီချင်းပါ။ ဒါပေမဲ့ MAMA မှာ ကျွန်မတို့ အဲဒီသီချင်းကို ဖျော်ဖြေခွင့်ရခဲ့တယ်။ ဒါကြောင့် ONCE တွေ ဝမ်းမနည်းကြပါနဲ့”ဆိုပြီး ပြောဆိုခဲ့တာပါ။

— ဃဲ
Ref: AKP & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page