Celebrity

■ မင်းသားကြီး Lee Byung Hun နဲ့ T.O.P တို့ရဲ့ ချစ်စဖွယ်ဆက်ဆံရေး

— – – သရုပ်လောကမှာ စီနီယာဖြစ်သူ Lee Byung Hun ကို T.O.P ခေါ်ပုံလေးက …

BIGBANG အဖွဲ့ဝင် T.O.P ဟာ သူနဲ့ အရင်းဆုံးမိတ်ဆွေထဲက တစ်ဦးဖြစ်တဲ့ နာမည်ကျော် ကိုရီးယားမင်းသားကြီး Lee Byung Hun အတွက် ချစ်စဖွယ်မက်ဆေ့ချ်တွေကို ဝေမျှခဲ့ပါတယ်။

T.O.P ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Lee Byung Hun ဆီက လက်ဆောင်ရရှိခဲ့တဲ့ “Actor Lee Byung Hun” ဆိုတဲ့ စာအုပ်ကို Video အတိုလေး ပြုလုပ်ကာ တင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုမှာ “Actor Lee Byung Hun” ဆိုတဲ့ စာအုပ်မျက်နှာဖုံးကို အရင်ဖော်ပြပြီး အဲဒီနောက်မှာ Lee Byung Hun ရဲ့ လက်ရေးကို မြင်တွေ့ရပါတယ်။ Lee Byung Hun ရဲ့ လက်ရေးစာကတော့ “To my dongsaeng [younger brother or friend] Choi Seung Hyun [T.O.P ရဲ့ အမည်ရင်း]” ဆိုပြီး ကိုရီးယားလို ရေးသားထားတာပါ။

T.O.P ဟာ အဲဒီ ဗီဒီယိုဖိုင်လေးကို “So proud of U my mentor” လို့ အင်္ဂလိပ်လို ရေးသားထားတဲ့ Caption နဲ့ တင်ခဲ့တာ ဖြစ်ပါတယ်။

T.O.P နဲ့ Lee Byung Hun တို့ဟာ ၂၀၀၉ ခုနှစ်က ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Iris ဇာတ်လမ်းတွဲမှာ စတင်တွေ့ဆုံခဲ့ကြပြီး အဲဒီကတည်းက သူတို့နှစ်ဦးရဲ့ ညီအစ်ကို သူငယ်ချင်းဆက်ဆံရေးဟာ အခုအချိန်အထိ နွေးထွေးနေဆဲဖြစ်ပါတယ်။

— ဃဲ
Ref: Soompi & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page