News

■ ကိုရီးယား Vs တရုတ်: Hanbok ပြဿနာ ဘယ်ကစလဲ ?

– – Park Shin Hye၊ Hyoyeon တို့အပါအဝင် Hanbok ဝတ်ဆင်တဲ့ ကိုရီးယား Celeb တွေကို တရုတ် Netizen တွေ တိုက်ခိုက်နေတာ၊ ကြမ်းတမ်းစကားလုံးတွေနဲ့ စော်ကားနေကြတာ ဘာကြောင့်လဲ …

ဒီပြဿနာက 2022 Beijing Olympics က စပါတယ်။ 2022 Beijing Olympics ဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေသူအချို့ဟာ ကိုရီးယားရိုးရာဝတ်စုံ Hanbok ပုံစံမျိုး ဝတ်ဆင်ခဲ့ပါတယ်။

ဒါက တရုတ်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးကွဲ (၅၂)ခုကို ကိုယ်စားပြုတဲ့ ဝတ်စုံတွေဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါကို ကိုရီးယားတွေက မကျေနပ်ဘဲ အွန်လိုင်းမှာ ဝေဖန်ခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ တရုတ်မီဒီယာတွေက ကိုရီးယားရိုးရာဝတ်စုံ Hanbok ဟာ သူတို့ဆီက ကိုရီးယားတွေ ယူထားတာဖြစ်ပြီး ကင်ချီကလည်း သူတို့ဆီက ကိုရီးယားတွေ ခိုးထားတာ ဖြစ်တယ်။ တကယ်တော့ ကိုရီးယားတွေဟာ သူခိုးတွေသာ ဖြစ်တယ်လို့ ဖော်ပြခဲ့သလို၊ တရုတ်လူမှုကွန်ရက်တွေမှာလည်း အဲဒီလို ပြေဆိုမှုတွေ ပျံ့နှံ့နေတာပါ။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ SBS News က K-Pop၊ K-Drama တွေရဲ့ လွှမ်းမိုးမှုကို တရုတ်တွေ ခံနေရပြီး 2022 Beijing Olympics မှာ ပါဝင်တဲ့ အသုံးအဆောင်တော်တော်များများဟာ တရုတ်နိုင်ငံအနေနဲ့ ကိုရီးယားရဲ့ လွှမ်းမိုးမှု ခံရကြောင်း ပြသတာဖြစ်ပြီး အဲဒီအတွက် တရုတ်နိုင်ငံဟာ စိတ်မသက်မသာ ဖြစ်နေကြောင်း ဖော်ပြခဲ့တာပါ။

ဒါ့အပြင် ကိုရီးယား Celeb တွေက ကိုရီးယားဝတ်စုံ Hanbok ဝတ်ဆင်ထားတဲ့ပုံတွေကို လူမှုကွန်ရက်တွေမှာ တင်ခဲ့ကြပြီး တရုတ် Netizens တွေကတော့ အဲဒီပို့စ်တွေကို စော်ကားတိုက်ခိုက်တာတွေ၊ ဆဲဆိုတာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

အဲဒီလိုပါပဲ။ ကိုရီးယားတွေကလည်း တရုတ်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲမှာ ကင်ချီတို့၊ Hanbok လို ဝတ်စုံပုံစံမျိုးတွေ ပါလာတဲ့အခါ ဝေဖန်မှုတွေ၊ တိုက်ခိုက်တွေ ပြုလုပ်နေတာဖြစ်ပြီး အဲဒီအတွက် နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေ မြှင့်တက်နေတာပါ။

– ဃဲ
Source: Koreaboo

 

-Zawgyi

■ ကုိရီးယား Vs တ႐ုတ္: Hanbok ျပႆနာ ဘယ္ကစလဲ ?

– – Park Shin Hye၊ Hyoyeon တို႔အပါအ၀င္ Hanbok ၀တ္ဆင္တဲ့ ကုိရီးယား Celeb ေတြကုိ တ႐ုတ္ Netizen ေတြ တုိက္ခုိက္ေနတာ၊ ၾကမ္းတမ္းစကားလုံးေတြနဲ႔ ေစာ္ကားေနၾကတာ ဘာေၾကာင့္လဲ …

ဒီျပႆနာက 2022 Beijing Olympics က စပါတယ္။ 2022 Beijing Olympics ဖြင့္ပဲြအခမ္းအနားမွာ ေဖ်ာ္ေျဖသူအခ်ဳိ႕ဟာ ကုိရီးယား႐ုိးရာ၀တ္စုံ Hanbok ပုံစံမ်ဳိး ၀တ္ဆင္ခဲ့ပါတယ္။

ဒါက တ႐ုတ္ႏုိင္ငံမွာ ေနထုိင္တဲ့ လူမ်ဳိးကဲြ (၅၂)ခုကုိ ကုိယ္စားျပဳတဲ့ ၀တ္စုံေတြျဖစ္တယ္လုိ႔ တ႐ုတ္အာဏာပုိင္ေတြက ထုတ္ျပန္ခဲ့ပါတယ္။ ဒါကုိ ကုိရီးယားေတြက မေက်နပ္ဘဲ အြန္လုိင္းမွာ ေ၀ဖန္ခဲ့ၾကတာပါ။

အဲဒီေနာက္မွာေတာ့ တ႐ုတ္မီဒီယာေတြက ကုိရီးယား႐ုိးရာ၀တ္စုံ Hanbok ဟာ သူတုိ႔ဆီက ကုိရီးယားေတြ ယူထားတာျဖစ္ၿပီး ကင္ခ်ီကလည္း သူတုိ႔ဆီက ကုိရီးယားေတြ ခုိးထားတာ ျဖစ္တယ္။ တကယ္ေတာ့ ကုိရီးယားေတြဟာ သူခုိးေတြသာ ျဖစ္တယ္လုိ႔ ေဖာ္ျပခဲ့သလုိ၊ တ႐ုတ္လူမႈကြန္ရက္ေတြမွာလည္း အဲဒီလုိ ေျပဆုိမႈေတြ ပ်ံ႕ႏွံ႕ေနတာပါ။

ဒါကုိ တုံ႔ျပန္တဲ့အေနနဲ႔ SBS News က K-Pop၊ K-Drama ေတြရဲ႕ လႊမ္းမုိးမႈကုိ တ႐ုတ္ေတြ ခံေနရၿပီး 2022 Beijing Olympics မွာ ပါ၀င္တဲ့ အသုံးအေဆာင္ေတာ္ေတာ္မ်ားမ်ားဟာ တ႐ုတ္ႏုိင္ငံအေနနဲ႔ ကိုရီးယားရဲ႕ လႊမ္းမုိးမႈ ခံရေၾကာင္း ျပသတာျဖစ္ၿပီး အဲဒီအတြက္ တ႐ုတ္ႏုိင္ငံဟာ စိတ္မသက္မသာ ျဖစ္ေနေၾကာင္း ေဖာ္ျပခဲ့တာပါ။

ဒါ့အျပင္ ကိုရီးယား Celeb ေတြက ကုိရီးယား၀တ္စုံ Hanbok ၀တ္ဆင္ထားတဲ့ပုံေတြကုိ လူမႈကြန္ရက္ေတြမွာ တင္ခဲ့ၾကၿပီး တ႐ုတ္ Netizens ေတြကေတာ့ အဲဒီပုိ႔စ္ေတြကုိ ေစာ္ကားတုိက္ခုိက္တာေတြ၊ ဆဲဆုိတာေတြ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။

အဲဒီလုိပါပဲ။ ကုိရီးယားေတြကလည္း တ႐ုတ္ဇာတ္ကားေတြ၊ ဇာတ္လမ္းတဲြမွာ ကင္ခ်ီတုိ႔၊ Hanbok လုိ ၀တ္စုံပုံစံမ်ဳိးေတြ ပါလာတဲ့အခါ ေ၀ဖန္မႈေတြ၊ တုိက္ခုိက္ေတြ ျပဳလုပ္ေနတာျဖစ္ၿပီး အဲဒီအတြက္ ႏွစ္ႏုိင္ငံအၾကား အျငင္းပြားမႈေတြ ျမႇင့္တက္ေနတာပါ။

– ဃဲ
Source: Koreaboo

You cannot copy content of this page