K pop

■ ဂျာမနီ နာမည်ကျော် မော်ဒယ် Michova အရမ်းကြွေပါတယ်ဆိုတဲ့ ထိပ်သီး K-pop အဖွဲ့

-UNICODE

– – -သူမအကြိုက်ဆုံး K-pop အဖွဲ့နဲ့ Idol ကတော့တခြားမဟုတ်ဘဲ……..

tvN က ထုတ်တဲ့ On & Off အပိုင်းမှာ ဂျာမနီမော်ဒယ်/မင်းသမီး Stefanie Michova က ဧည့်သည်အဖြစ် ပါဝင်ခဲ့တာပါ။

Stefanie Michova ဟာ ကိုရီးယား Rapper Beenzino ရဲ့ ရည်းစားလည်းဖြစ်ပြီး အဲဒီ Show မှာ ပါဝင်ရင်း အကြိုက်ဆုံး K-pop အဖွဲ့ကို ရွေးချယ်သွားခဲ့ပါတယ်။ ဂျာမနီမော်ဒယ် Michova အကြိုက်ဆုံး K-pop အဖွဲ့ကတော့ တခြားမဟုတ်ဘဲ EXO အဖွဲ့ပဲ ဖြစ်ပါတယ်။

EXO အဖွဲ့ထဲမှာမှ Michova ဟာ Kai ကို အနှစ်သက်ဆုံးပါ။ အကြိုက်ဆုံးအဖွဲ့က EXO ပါ။ အထူးသဖြင့် Kai ကို နှစ်သက်ပါတယ်”လို့ Michova က ဆိုပါတယ်။ အထူးသဖြင့် Kai ရဲ့ အသံ၊ အက၊ ရုပ်ရည်ပိုင်းကိုကြိုက်တာလို့ Michova က ဖွင့်ဟခဲ့ပါတယ်။

Michova ဟာ Kai အကြောင်းပြောနေချိန်မှာ တစ်ချိန်လုံး ရယ်မောပြုံးရွှင်နေခဲ့တာလည်း တွေ့ရပါတယ်။ အဲဒီနောက် Michova က Kai အကြောင်းပြောကာ များသွားလို့ လက်စသတ်ကာ သူ့ချစ်သူ Beenzino အကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

-ZAWGYI

■ ဂျာမနီ နာမည်ကျော် မော်ဒယ် Michova အရမ်းကြွေပါတယ်ဆိုတဲ့ နာမည်ကျော် K-pop အဖွဲ့






You cannot copy content of this page