– – BLACKPINK အဖွဲ့ထဲ Jennie ဟာ YG ကို ပထမဆုံးစတင်ရောက်ရှိသူဖြစ်တာနဲ့အညီ ကျန်အဖွဲ့တွေကို စတင်တွေ့မြင်စဉ်မှာတော့….

BLACKPINK အဖွဲ့ဝင် Jennie ဟာ ELLE magazine မှာတော့ BLACKPINK အဖွဲ့ရဲ့ ပွဲထွက်ခါစနေ့ရက်တွေအကြောင်း အမှတ်တရ ပြန်ပြောင်းပြောသွားခဲ့တာပါ။
Jennie ဟာ YG Entetainment ကို စတင်ရောက်ရှိတဲ့ ပထမဆုံး BLACKPINK ဖြစ်တာကြောင့် ကျန်အဖွဲ့ဝင်တွေ YG ကို ရောက်ရှိလာချိန်မှာ ဘယ်လိုမြင်ခဲ့သလဲဆိုတာ ထုတ်ဖော်သွားခဲ့ပါတယ်။ Jennie ဟာ Lisa ကို ပထမဆုံးမြင်တဲ့အချိန်မှာ အကနဲ့ ပတ်သက်ပြီး လုံးဝအမှတ်ပေးခဲ့တာပါ။

“ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့ အရည်ရှည်တဲ့ မိန်းကလေးပဲ။ Lisa က စက်ရုပ်တစ်ရုပ်လို ကနေတတ်တယ်”လို့ Jennie က Lisa နဲ့ ပတ်သက်ပြီး အမှတ်တရကို ပြောခဲ့ပါတယ်။ ဆက်လက်ပြီး Jennie က Jisoo ဟာ မဆုတ်မနစ်ကြိုးစားသူဖြစ်ကြောင်း၊ Jisoo ကို ကြည့်ပြီး စိတ်ဓာတ်ခွန်အားများစွာ ရရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

Rose’ နဲ့ ပတ်သက်ပြီးတော့ Jennie က ဂီတကိုသူမတို့ဘာကြောင့် လုပ်နေသလဲဆိုတာ သင်ကြားခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ “Rose’ က ကျွန်မတို့ကို ဂီတကို ဘာကြောင့် လုပ်နေရတဲ့အဓိပ္ပာယ်ကို သင်ပေးခဲ့ပါတယ်”လို့ Jennie က ဆိုခဲ့ပါတယ်။
ဒါ့အပြင် Jennie က သူမတို့ BLACKPINK အဖွဲ့ဝင်တွေဟာ စစချင်းကတည်းက ခင်မင်ရဖို့ သိပ်မကြိုးစားလိုက်ရဘဲ လွယ်လွယ်ကူကူပဲ ရင်းနှီးခဲ့တာဖြစ်ကြောင်းလည်း ဆိုခဲ့ပါသေးတယ်။
-Chi Ko
Ref: Koreaboo
- Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *