K pop

■ Chungha နဲ့ ထိတွေ့ခဲ့တဲ့ Sana ကြောင့် TWICE အဖွဲ့နဲ့ ဝန်ထမ်း COVID-19 စစ်ဆေးမှုခံယူ

— – – တကယ်လို့ တစ်ဦးဦးသာ Positive ဖြစ်ခဲ့မယ်ဆိုရင် TWICE အဖွဲ့ဟာ မနေ့က MAMA ပွဲ တက်ရောက် …

ဒီနေ့ နံနက်ပိုင်းက Chungha ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ထုတ်ပြန်ပြီးနောက်မှာ TWICE အဖွဲ့ဝင် Sana ဟာ Chungha နဲ့ ထိတွေ့ခဲ့ကြောင်း JYP Entertainment ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် Sana ဟာ COVID-19 စစ်ဆေးမှုခံယူထားသလို၊ တခြား TWICE အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ အားလုံးဟာလည်း COVID-19 စစ်ဆေးမှုခံယူထားကြောင်း သိရပါတယ်။

လက်ရှိအချိန် သူတို့ဟာ COVID-19 စစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းနေပြီး အဖွဲ့လှုပ်ရှားမှုတွေကို အားလုံးကို ရပ်တန့်ထားကြောင်း သိရပါတယ်။

TWICE အဖွဲ့ဟာ ဒီဇင်ဘာ (၆)ရက်က 2020 MAMA ပွဲကို တက်ရောက်ခဲ့ပြီး တကယ်လို့ TWICE အဖွဲ့ဝင် တစ်ဦးဦးသာ COVID-19 စစ်ဆေးမှုမှာ Positive ဖြစ်ခဲ့မယ်ဆိုရင် MAMA ပွဲတက်ရောက်ခဲ့တဲ့ Idol အဖွဲ့တွေ၊ အနုပညာရှင်တွေ အားလုံးအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

— ဃဲ
Source: Newsen

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page