K pop

■ Fan Cam ရိုက်ကူးတဲ့ ကင်မရာသမားက aespa အဖွဲ့ကို ဟားတိုက်လှောင်ပြောင်ခဲ့လို့ SBS ဝေဖန်ခံနေရ

— – – အဲဒီဗီဒီယိုမှာ aespa အဖွဲ့ကို ဟားတိုက်လှောင်ပြောင်ခဲ့တဲ့ ကင်မရာသမားရဲ့ အသံဟာ အထင်သား …

aespa အဖွဲ့ SBS ရုပ်သံရဲ့ “Inkigayo” မှာ ဖျော်ဖြေတုန်းက SBS က ဝန်ထမ်းတွေဟာ ထုံးစံအတိုင်း အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ Solo fan cam တွေကို ရိုက်ကူးခဲ့ပါတယ်။

အဲဒီမှာ Ningning ရဲ့ Solo fan cam ကို ရိုက်ကူးတဲ့ ကင်မရာသမားက aespa အဖွဲ့ကို ဟားတိုက် ရယ်မောပြီး လှောင်ပြောင်ခဲ့တာပါ။

အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုရဲ့ (starting from 00:10 mark) မှာ ကင်မရာသမားဟာ “Haha, that is not f**king right”လို့ အဓိပ္ပာယ်ရတဲ့ ကိုရီးယားစကားကို ပြောပြီး ဟားတိုက်ရယ်မောခဲ့တာကို သီချင်းတွေနဲ့ ရောနေတာတောင် ကြားနိုင်ပါတယ်။

အဲဒီကင်မရာသမားအနေနဲ့ aespa အဖွဲ့ဝင်တွေက ဘယ်သူကို ဟားတိုက်ရယ်မောတယ်ဆိုတာ အမည်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဝန်ထမ်းတွေနဲ့ အခုလို Idol တွေကို လှောင်ပြောင်တာက လက်သင့်ခံနိုင်စရာမရှိဘူးလို့ K Netizens တွေက SBS ရုပ်သံကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုမှာ aespa အဖွဲ့ကို ဟားတိုက်လှောင်ပြောင်ခဲ့တဲ့ ကင်မရာသမားရဲ့ အသံကို (၀၀း၁၀)စက္ကန့်မှာ ကြားနိုင်ပါတယ်။

 

— ဃဲ
Ref: KSZ & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page