Celebrity

■ Start-Up ဒရာမာပြီးဆုံးခြင်းအပေါ် သရုပ်ဆောင်တွေရဲ့အတွေးတွေ

— ပရိသတ်တွေကြိုက်နှစ်သက်ခဲ့ကြတဲ့ Start-Up ဒရာမာဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ဒရာမာနဲ့ပတ် သက်ကာ နောက်ဆုံးအနေနဲ့ အဓိကသရုပ်ဆောင်တွေ ဘယ်လိုပြောခဲ့ကြသလဲဆိုတာကို…

Start-Up ဒရာမာနဲ့ပတ်သက်ပြီး ပထမဆုံးအနေနဲ့ မင်းသမီး Suzy က အခုလို ပြောခဲ့ပါတယ်။ Suzy က “ ဒရာမာအောင်မြင်စွာပြီးဆုံးသွားလို့ ပျော်ရွှင်ရပေမယ့် တစ်ပြိုင်တည်းမှာပဲ ဝမ်းနည်းရပါတယ်။ (8)လလုံးလုံး ဇာတ်ဆောင် Dalmi အဖြစ် ကျွန်မ ဈန်ဝင်နေခဲ့တာဖြစ်ပါတယ်။ အခုတော့ ဒရာမာရိုက် ကူးမှုပြီးသွားတော့ ဟာတာတာကြီးဖြစ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

မင်းသား Nam Joo Hyuk ကလည်း သူ့အနေနဲ့ ပျော်ရွှင်မှုရော နှမြောတသလည်းဖြစ်တယ်လို့ ဆိုပါ တယ်။ “(8)လအတွင်းမှာ လူတိုင်း အလုပ်တွေကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်ရဲ့ ကာရိုက်တာ Dosan ရဲ့ နာကျင်မှု၊ အောင်မြင်မှုရှာဖွေတဲ့အချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော် သင်ယူစရာတွေအများအ ပြားရခဲ့ပါတယ်” လို့ Nam Joo Hyuk က ပြောခဲ့ပါတယ်။

Han Ji Pyung အဖြစ် မင်းသား Kim Sun Ho ကလည်း “ ဒီ (8)လဟာ ကြည့်သူပေါ်မူတည်ပြီး ရှည်လျားတယ်လို့လည်းပြောလို့ရသလို တိုတောင်းတယ်လို့လည်း ပြောလို့ရပါတယ်။ တကယ့်ကို စိတ်အားထက်သန်ပြီး ပျော်ရွှင်စရာအချိန်တွေကို ရခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

မင်းသမီး Kang Han Na ကလည်း ဒရာမာကပေးတဲ့ ရသနဲ့ မျှော်လင့်ချက်တွေ၊ ကြိုးစားမှုတွေကို ကြည့်ပြီး ကြည့်ရှုသူပရိသတ်တွေလည်း ထပ်တူခံစားနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page