— Jinyoung ဟာ အဲဒီအကြောင်းကိုပြောတော့ ရှက်နေခဲ့တာပါ…
GOT7 အဖွဲ့ဟာ 1theK Original‘s Prison Interview မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပြီး အဲဒီမှာ သူတို့ ဟာ အမေးအဖြေတွေနဲ့ Challenge တွေပြုလုပ်ခဲ့ကြပါတယ်။ တစ်ခုသော Challenge မှာ Jinyoung ဟာ သူ့ရဲ့ First Love နဲ့ပတ်သက်ပြီး ရှက်ရှက်နဲ့ဝန်ခံခဲ့တာဖြစ်ပါတယ်။
Challenge မေးခွန်းတစ်ခုက “ ကျောင်းသူကျောင်းသားဘဝမှာ ချစ်သူတိုင်းအနေနဲ့ သူတို့ရဲ့ချစ်ရသူ ကို ပြောသင့်တဲ့စကားတစ်လုံးပြောနိုင်မလား” ဆိုတဲ့ဟာဖြစ်ပြီး ဒါကို Jinyoung က ဖြေရတာဖြစ်ပါ တယ်။ Jinyoung ဟာ ကင်မရာတည့်တည့်ကိုကြည့်ပြီး “ ငါ..မင်းကို ကြိုက်လား” လို့ဖြေပေမယ့် အသက်မပါလို့ မီးနီးပြကာ ပယ်ချခံခဲ့ရပါတယ်။
အဲဒီအချိန်မှာ Jackson က Jinyoung ကို First Love နဲ့ပတ်သက်ပြီး မေးခဲ့သလို ပထမဆုံးစကား ဘာပြောခဲ့သလဲလို့ မေးခဲ့ပါတယ်။ Jinyoung က ရှက်ရှက်နဲ့ သူ့ရဲ့ အချစ်ဦးကို ချိုချဉ်အချို့ ပေးကာ “ ငါ့မှာ ချိုချဉ်တွေရှိတယ်” ပြောပြီး ထွက်ပြေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို Jinyoung က အမှန်အ တိုင်းပြောတဲ့အခါမှာတော့ မီးစိမ်းပြကာ သူ့ရဲ့ Mission ကို အောင်မြင်သွားခဲ့ပါတယ်။
နောက်တော့ Jinyoung က သူဟာ တကယ်ရှက်ပြီးကြောက်ခဲ့တာကြောင့် အချစ်ဦးကို သကြားလုံး ပေးကာထွက်ပြေးခဲ့တယ်လို့ ထပ်ပြီးပြောခဲ့ပါတယ်။
-m2t
Ref: Koreaboo