K pop

■ Golden Maknae Jungkook ရဲ့ မှတ်သားဖွယ်ရာစကားများ

Junkook ဟာ BTS အဖွဲ့ရဲ့ Golden Maknae လေးဖြစ်ပြီး မိသားစုအတွက်၊ အစ်ကိုတွေအတွက်၊ ARMY တွေအတွက် တန်ဖိုးရှိတဲ့လူသားလေးဖြစ်ပါတယ်။ အငယ်လေးဖြစ်ပေမယ့်လည်း တန်ဖိုးရှိတဲ့ လူသားကထွက်ကြလာတဲ့စကားတွေဟာ အဖိုးတန်ပြီး အင်အားဖြစ်စေတဲ့စကားတွေဖြစ်ပါတယ်။

ARMY တွေအတုယူဖွယ်ရာ စိတ်ဓါတ်အင်အားဖြစ်စေသော Jungkook ပြောခဲ့တဲ့ စကားတွေကို တစ်စုတစ်စည်း တည်းဖော်ပြပေးလိုက်ပါတယ်။ ယူတတ်တဲ့သူတွေအတွက်တော့ . . .

1 ) “ ကျွန်တော်တို့ ခက်ခဲတဲ့အချိန်တွေ ရင်ဆိုင်နေရရင်တောင် ကျွန်တော်တို့ ပျော်ရွှင်နေဖို့က အရေးကြီးပါတယ်”

2 ) “ ကိုယ့်ရည်မှန်းချက်နဲ့ အိပ်မက်တွေကို ကိုယ်ကိုတိုင်ပဲတည်ဆောက်သင့်ပါတယ်။ အပြင်ဘက်က ဖိအားတွေကြောင့် အချို့လူတွေဟာ ကိုယ်ပိုင်အိပ်မက်တွေကို တည်ဆောက်ဖို့ အခွင့်အရေးမရှိတာ ဟာ ဝမ်းနည်းဖို့ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်”

3 ) “ မလုပ်ချင်တဲ့အရာကို မလုပ်ပါနဲ့။ မင်းလုပ်ချင်တဲ့ ဝါသနာကိုပဲလုပ်ပါ”

4 ) “ လက်ရှိအချိန်မှာ မင်းအနေနဲ့ အကောင်းဆုံး မကြိုးစားဘူးဆိုရင် တစ်ချိန်ချိန်မှာ နောင်တတွေနဲ့ ထွေးပွေ့နေရပါလိမ့်မယ်။ နောက်ကျနေတယ်လို့ မစဉ်းစားပါနဲ့။ ဆက်ကြိုးစားပါ။ အချိန်တော့ယူရမှာပါ။ ဒါပေမဲ့ မင်းကြိုးစားမှုတွေ၊ လေ့ကျင့်မှုတွေဟာ အဆိုးဆုံးဖြစ်သွားဖို့တော့မရှိပါဘူး။ မင်း ဝမ်းနည်းနေ မယ်။ ဒါပေမဲ့ ဒါ ကောင်းတဲ့အရာတွေဖြစ်လာမယ့် သက်သေပြချက်တွေပါပဲ”

5 ) “ ARMY တွေ ကျွန်တော်တို့ကို လွမ်းနေတယ်ဆိုရင် ကျွန်တော်တို့ဆီ လာနိုင်ပါတယ်။ မင်းထွက် သွားမယ်၊ ထွက်သွားချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ဆီကနေ ထွက်သွားဖို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ခုပဲ သတိရပေးပါ။ ဒီမှာ ကျွန်တော် အမြဲတမ်းရှိနေပါတယ်”

6 ) “ ဒေါသနဲ့ ဝမ်းနည်းမှုမရှိရင် ပျော်ရွှင်မှုအစစ်အမှန်ကို မင်း ခံစားနိုင်မှာမဟုတ်ပါဘူး”

7 ) “ ဘာပဲဖြစ်နေဖြစ်နေ ပျော်ရွှင်နေပါလို့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမဲ့ အခက်အခဲတွေရဲ့ ကြားထဲမှာကို ပျော်ရွှင်မှုသေးသေးလေးတွေကအစ ရှာဖွေပါ”

8 ) “ ချစ်ခြင်းတွေရှိနေတဲ့အချိန်မှာ နှစ်ဖက်သဘောတူ စေ့စပ်ပြေငြိမ်းမှုတွေ လိုအပ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး နားလည်မှုကလည်း ပိုအရေးကြီးတာပေါ့”

9 ) “ ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါပေမဲ့ အလုပ်ကြိုးစားမှုဟာ တစ်နေရာရာကိုတော့ ရောက်စေမှာပါ”

 

10 ) “ တစ်ဦးနဲ့တစ်ဦး ကျွန်တော်တို့ လေးစားမှုတွေ၊ နားလည်မှုတွေရှိဖို့လိုပါတယ်။ တစ်ဦးပေါ်တစ်ဦး ဆင်ခြင်စဉ်းစားပေးဖို့လည်း လိုပါတယ်။ ဒီလိုအခြေအနေတွေရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေဟာ တစ်သားတည်းဖြစ်နေမှာပါ”

11 ) “ မင်း လေ့လာဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အဲဒီကြောင့်အတွက်တော့ မခံစားပါနဲ့။ ဘာကြောင့်လဲဆို တော့ အဲဒီလို ခံစားလိုက်လို့ မင်းလိုချင်တဲ့အရာတွေ လွဲချော်သွားမှာစိုးလို့ပါ။ ကိုယ့်အိပ်မက်ကို ကိုယ်ကိုတိုင်ပဲ တည်ဆောက်ဖို့လိုအပ်ပြီး အခြားသူအရာတွေရဲ့ တွန်းအားကြောင့် ပြိုပျက်သွားမယ်ဆို ရင် ရင်ကွဲစရာပါပဲ”

12) “ RS တစ်ခုဟာ မမျှတတော့ဘူးလို့ ထင်ရင် မင်းအနေနဲ့ ပြောင်းသင့်တယ်လို့ ကျွန်တော် ဆန္ဒရှိပါ တယ်။ ဘာလို့လဲဆိုတော့ မင်းဟာ အချစ်ခံရဖို့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်လို့ပါ”

13 ) “ အလုပ်ကြိုးကြိုးစားလုပ်နေတဲ့သူတွေအတွက်ပါ။ ဘယ်လောက်ပြိုလဲပြိုလဲ၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ မင်းကျော်လွှားနိုင်ပါတယ်။ မင်း သန်မာတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်”

14 ) “ ကျွန်တော့် အသက်အရွယ်ရဲ့ လူတွေအကြောင်းသိချင်မိပါတယ်။ သူတို့တွေ ဘယ်လိုနေထိုင် တယ်။ သူတို့ဘာတွေတွေးနေလဲ။ သူတို့ရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်က ဘာလဲ။ သူတို့တွေကို ကျွန် တော့် သီချင်းတွေနဲ့ ဘယ်လိုကူညီနိုင်မလဲ။ သီချင်းတစ်ပုဒ်က သူတို့ကို အားအင်တွေဖြစ်စေသလား၊ ခက်ခဲတဲ့အချိန်တွေမှာ စိတ်သက်သာရာရစေသလား သိချင်မိပါတယ်”

15 ) “ နောင်တပေါ့… ပြန်ပြင်ဆင်လို့မရပါဘူး။ မင်းကို အကူအညီလည်းမဖြစ်စေပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာကောင်းပါတယ်။ နှလုံးသားအကြီးကြီးနဲ့ ကြီးမားတဲ့လူသားတစ်ယောက်ဖြစ်ဖို့ အခု ကြိုးစားကြတာပေါ့”

16 ) “ အခု 2020 ခုနှစ်ပါ။ တစ်ခုခုကိုလုပ်ဖို့ over ကြိုးစားမှုတွေမလုပ်ပါနဲ့။ မနာကျင်ကြပါနဲ့။ ကျန်းကျန်းမာမာနေကြပါ။ ထိခိုက်မှုမရှိပဲ ဆန္ဒတွေပြည့်ဝမယ်လို့ မျှော်လင့်ပါတယ်။ မင်းတို့ကို ငါ အမြဲတမ်းထောက်ခံအားပေးနေပါတယ်”

-m2t
Ref: Koreaboo

You cannot copy content of this page