News

■ ဂိမ်းစ်တစ်ခုကြောင့် Running Man ကို လုံးဝမကြည့်တော့ဘူးလို့ တရုတ် Netizens ဆို

— – – ပြီးခဲ့တဲ့နှစ်ပိုင်းမှာ တရုတ်မှာ ကြည့်ရှုနှုန်းအလွန်များတဲ့အတွက် Running Man အတွက် ဒီအချက်ဟာ အခက်ဖြစ်နိုင်တယ်လို့ ကိုရီးယားမီဒီယာတွေက …

သိပ်မကြာခင်က ထုတ်လွှင့်ခဲ့တဲ့ Running Man အပိုင်းမှာ ပါဝင်တဲ့ Board Game ကြောင့် တရုတ် Netizens က အဲဒီအစီအစဉ်ကို မကြည့်တော့ဘူးလို့ သူတို့ရဲ့ နာမည်ကျော် လူမှုကွန်ရက် Weibo မှာ ရေးသားလှုံဆော်ခဲ့ကြပါတယ်။

လက်ရှိ Running Man အစီအစဉ်မှာ Blue Marble လို့ ခေါ်တဲ့ Monopoly ပုံစံမျိုး ဂိမ်းစ်တစ်ခု ပါဝင်ပြီး ကမ္ဘာ့အနှံက နိုင်ငံတွေရဲ့ နာမည်ကျော်မြို့တွေ ပါဝင်တာ ဖြစ်ပါတယ်။ အဲဒီဂိမ်းစ်မှာ Running Man က စင်ကာပူ၊ တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင် စသဖြင့် နိုင်ငံတွေ ခွဲခြားထားတာဖြစ်ပါတယ်။ ပြဿနာက တရုတ်ပရိသတ်တွေဟာ တရုတ်နဲ့ ထိုင်ဝမ်ကို ခွဲခြားထားတာကို ဒေါသထွက်ခဲ့ကြတာပါ။

တရုတ်နဲ့ ထိုင်ဝမ်ဟာ လက်ရှိအချိန် နိုင်ငံကြား အငြင်းပွားနေဆဲဖြစ်ပြီး တရုတ်တွေက ထိုင်ဝမ်ဟာ သူတို့အပိုင်ဖြစ်တယ်လို့ ဆိုနေသလို၊ ထိုင်ဝမ်ကလည်း သူတို့ဟာ နိုင်ငံတစ်ခုဖြစ်တယ်လို့ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။

အဲဒီလို အနေအထားမျိုးမှာ Running Man က တရုတ်နဲ့ ထိုင်ဝမ်ကို တစ်နိုင်ငံစီ ကွဲခြားခဲ့တာကြောင့် တရုတ်တွေက ဝမ်းနည်းဒေါသ ထွက်ခဲ့တာ Running Man ကို မကြည့်တော့ဘူးလို့ လူမှုကွန်ရက်တွေ ရေးသားခဲ့တာပါ။

ဒါတင်မကသေးဘဲ Running Man ကို သူတို့နိုင်ငံမှာ သပိတ်မှောက်အထိ တရုတ် Netizens အချို့က တောင်းဆိုခဲ့ကြသလို၊ တခြားသူတွေကို မကြည့်ကြဖို့ တိုက်တွန်းခဲ့တာပါ။

Running Man ဟာ နောက်ပိုင်းနှစ်တွေဟာ တရုတ်မှာ ကြည့်ရှုနှုန်း အလွန်များနေပြီး သူတို့သာ တကယ်မကြည့်တော့ဘူးဆိုရင် ဆုံးရှုံးမှုများနိုင်တယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြနေကြပါတယ်။

— ဃဲ
Source: theqoo and Chosun & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page