— – – BTS အဖွဲ့ ပွဲထွက်ခါစက သူတို့ရဲ့နုနယ်မှုနဲ့ ချစ်စရာကောင်းမှုတွေက ဘယ်လောက်ထိ လန်းဆန်းနေသလဲဆိုတာ …
ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကိုရီးယားလူမှုကွန်ရက်တွေမှာ လွန်ခဲ့တဲ့ (၇)နှစ်က BTS အဖွဲ့ရဲ့ Visual တွေလို့ ခေါ်ကြတဲ့ Jin, V နဲ့ Jungkook တို့ရဲ့ အိပ်ယာပေါ်က ဓာတ်ပုံတွေက ပရိသတ်တွေအကြား အလွန်ရေပန်းစားနေပါတယ်။
အဲဒီ ဓာတ်ပုံတွေ ဝေမျှခဲ့တဲ့ ပရိသတ်က “ကြည့်စမ်းပါဦး။ ဒီမှာ သူတို့ ဘယ်လောက် နုပျိုလိုက်သလဲ။ ဘယ်လောက် ချစ်စရာ ကောင်းလိုက်သလဲ”ဆိုပြီး ရေးသားပါတယ်။
ဒီဓာတ်ပုံတွေ ၂၀၁၃ ခုနှစ်တုန်းက BTS အဖွဲ့အတွက် သူတို့ရဲ့ အေဂျင်စီ BigHit Entertainment က ထုတ်ခဲ့တာဖြစ်ပြီး Jin, V နဲ့ Jungkook တို့ဟာ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေနဲ့ အိပ်ယာပေါ်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
သူတို့ဟာ အဲဒီဓာတ်ပုံတွေမှာ တစ်ဦးကို တစ်ဦး ကျီစယ်နောက်ပြောင်ရင်းနဲ့ သူတို့ရဲ့ နုပျိုတောက်ပတဲ့ မျက်နှာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အချိန်တွေက တိုက်စားတာ မြန်ပါတယ်။ အဲဒီဓာတ်ပုံတွေဟာ အခုတော့ လွန်ခဲ့တဲ့ (၇)နှစ်က ဆိုတဲ့ စကားလုံးထဲ အကျုံးဝင်သွားခဲ့ပါပြီ။
ဒါပေမဲ့ Memories တွေကတော့ လတ်ဆက်နေတုန်းပါပဲ။ အဲဒီဓာတ်ပုံတွေကို မြင်တွေ့တဲ့အခါမှာ ပရိသတ်တွေက ချစ်စရာလေးတွေ၊ ပြုံးတာတောင် မရပ်နိုင်တော့ဘူး ဆိုတဲ့ မှတ်ချက်တွေ ပေးခဲ့ကြတာပါ။
— ဃဲ
Ref: SBS Star & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***