— – – သူ့ရဲ့ ဉာဏ်ကောင်းမှုက ပရိသတ်တွေကြားမှာ ရေပန်းစားသလို၊ သူ့အတွက်လည်း အောင်မြင်မှုသော့ချက် ဖြစ်ခဲ့တာပါ။ Success Story လို့ ဆိုရမှာပေါ့။
၂၀၁၆ မှာ ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ (၄)နှစ်သက်တမ်းအတွင်းမှာပဲ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးအမျိုးသမီး အဆိုတော်အဖွဲ့တွေထဲက တစ်ဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ကမ္ဘာကျော်တွေ၊ နာမည်ကျော်တွေရဲ့ ထုံးစံအတိုင်း BLACKPINK အဖွဲ့ကို ချစ်သူတဲ့သူတွေ ရှိသလို၊ မုန်းတဲ့သူတွေလည်း ရှိနေတာပါ။ တရုတ်က BLINK တစ်ယောက်ကတော့ Rosé ကြောင့် အောင်မြင်မှု ရခဲ့ပါတယ်။ တကယ်က သူ ဉာဏ်ကောင်းခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ ကျောင်းတွင်း မီတာ (၁၀၀) အပြေးပြိုင်ပွဲတစ်ခုမှာ ကောင်မလေးတစ်ယောက်မှာ သူကိုယ်တိုင် ဖန်တီးထားတဲ့ Rosé ရဲ့ ပိုစတာကြောင့် ပထမဆု ရရှိခဲ့ပါတယ်။
သူမဟာ အဲဒီအပြေးပြိုင်ပွဲရဲ့ ပန်းအဝင်မှာ Rosé ရဲ့ ပိုစတာနဲ့ စာတမ်းတစ်ခုကို ချိတ်ဆွဲထားပါတယ်။ အဲဒီစာတမ်းမှာ ရေးထားတဲ့ စာကတော့ “Rosé ရဲ့ ဇနီး လာပြီ”ဆိုပြီး ဖြစ်ပါတယ်။
သူမဟာ အဲဒီစာသားကြည့်ရင်း ပြေးတဲ့အခါ ခွန်အားပိုဖြစ်တာကြောင့် အဲဒီလို ဖန်တီးခဲ့တာလို့ ဆိုခဲ့ပြီး ပရိသတ်တွေကတော့ သူမရဲ့ ဉာဏ်ကောင်းမှုကို Rosé သာ မျက်ရည်တောင် ကျလောက်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
— ဃဲ
Ref: HM & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***