K pop

■ G-Dragon အမေတောင် အားကျရတဲ့ အလှအပကို ဂရုစိုက်ဆုံး BIGBANG အဖွဲ့ဝင်

— – – ပရိသတ်တွေကတော့ သူ့ကို Beauty Vlog လုပ်သင့်တယ်လို့တောင် ဆိုကြပါတယ်။

BIGBANG အဖွဲ့ဟာ တစ်ခါတုန်းက Talks Show တစ်ခုမှာ ပါဝင်ခဲ့ပြီး သူတို့အကြောင်းတွေကို ဖောက်သည်လုပ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ဂျပန်မှာ ပွဲရှိလို့ Daesung ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ကျန်အဖွဲ့ဝင် (၄)ယောက်က တက်ရောက်ခဲ့တာပါ။

အဲဒီအစီအစဉ်မှာ တင်ဆက်သူတွေက BIGBANG အဖွဲ့ဝင်တွေထဲမှာ အလှအပကို ဂရုစိုက်ဆုံးလဲဆိုပြီး မေးမြန်းခဲ့တာပါ။ ထုံးစံအတိုင်း အဲဒီမေးခွန်းကို စဖြေသူကတော့ Seungri ပါပဲ။

Seungri က “ကျွန်တော်တို့အဖွဲ့ထဲမှာတော့ Daesung Hyun ကိုပဲ ပြောရမယ်။ သူက သူ့အသားအရေကို စပါယ်ရှယ်ဂရုစိုက်တာပါ။ သူ့အခန်းထဲမှာဆိုရင် Mask တွေရော၊ Skincare ဆိုတာမှ စုံစီနေတာပါပဲ”လို့ ဆိုခဲ့ပါတယ်။

အဲဒီမှာ G-Dragon က “ကျွန်တော့်အမေဆိုရင် Daesung ကို အရမ်းအားကျတာ။ သူ့ဆီမှာ အလှကုန်မျိုးစုံရှိတယ်လေ။ ကျွန်တော့်အမေ Daesung အခန်းကိုလည်း မြင်ရော Daesung က ဒီလိုကိုဆိုပြီးတောင် ပြောလေ့ရှိပါတယ်”လို့ ပြောခဲ့တာပါ။

ဆက်ပြီးတော့ T.O.P က “ကျွန်တော်ကတော့ သူ့အခန်းကို မင်းသမီးလေးတွေနဲ့ အံ့ကိုက်ဖြစ်မယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အဲဒီမှာ ပရိသတ်တွေက Daesung အနေနဲ့ Beauty Vlog ဖွင့်ပြီး အလှအပရေးရာတွေ ဝေမျှသင့်တယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

— ဃဲ
Ref: Internet & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page