– – – ဘာမှမဟုတ်တဲ့ စာသားပါဝင်တာကြောင့် DJ Soda ဖိအားပေးခံခဲ့ရတာဖြစ်ပြီး သူဟာ ရှက်စိတ်နဲ့ ကြောက်ရွံစိတ်ရောကာ တုန်လှုပ်နေခဲ့တာပါ။ အကြောင်းအရာကို ပုံနှိပ်ကို ဖတ်ရှုနိုင်ပါတယ်။
ကိုရီးယားရဲ့ နာမည်ကျော် DJ တစ်ဦးဖြစ်တဲ့ DJ Soda ဟာ American Airlines ဝန်ထမ်းတွေရဲ့ ဖိအားပေးမှုကြောင့် အဆဲစာသားတွေ ပါဝင်တဲ့ သူ့ရဲ့ဘောင်းဘီကို လေယာဉ်ဝန်ထမ်းတွေ အားလုံးရှေ့မှာ ချွတ်ပြခဲ့ရကြောင်း သူ့ရဲ့ Twitter မှာ ရေးတင်ခဲ့ပါတယ်။
ဖြစ်စဉ်က ဒီလိုပါ။ DJ Soda ဟာ JFK ကနေ LAX သို့ သွားရာမှာ သူ့ကို စပွန်ဆာပေးထားတဲ့ “F**K YOU” စာသားပါ ဘောင်းဘီရှည်ကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစာသားက အဆဲစာသားဖြစ်ပေမဲ့ DJ Soda အနေနဲ့ အရင်တုန်းက ဘာပြဿနာ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ DJ Soda ဟာ ပြဿနာနဲ့ ကြုံရတော့တာပါပဲ။ LAX သို့ သွားဖို့ လေယာဉ်ပေါ် တက်ဖို့ ပြင်နေစဉ်မှာ လေယာဉ်ဝန်ထမ်းတွေ ရောက်ရှိလာပြီး DJ Soda ဝတ်ထားတဲ့ ဘောင်းဘီရှည်မှာ အဆဲစာလုံးပါနေလို့ မရဘူးပြောတယ်လို့ ဆိုပါတယ်။
DJ Soda အနေနဲ့ နောက်လေယာဉ်တစ်စီးကို စီးဖို့ စီစဉ်ခဲ့ပေမဲ့ LA မှာ အရမ်းအရေးကြီးတဲ့ အစည်းအဝေးရှိတာကြောင့် အခက်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ American Airlines ဝန်ထမ်းတွေဟာ DJ Soda ကို လေယာဉ်ပေါ် ပေးမတက်ခဲ့ဘူးလို့ DJ Soda က ဆိုပါတယ်။
နောက်ဆုံးမှာတော့ DJ Soda ဟာ American Airlines က ဝန်ထမ်းတွေရှေ့မှာပဲ သူ့ရဲ့ “F**K YOU” စာသားပါ ဘောင်းဘီရှည်ကို ချွတ်ကာ ပြောင်းပြန်လှန်ဝတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ လေယာဉ်ဝန်ထမ်းတွေက သူ့ကို အမနာပစကားတွေ ပြောခဲ့ကြတယ်လို့လည်း DJ Soda က ဆိုပါတယ်။
အဲဒီနောက်မှာတောင် DJ Soda ကို ခေါ်ဆောင်သွားဖို့ တုံ့ဆိုင်းနေခဲ့ပြီး လေယာဉ်ထွက်တာ တစ်နာရီလောက် နောက်ကျခဲ့တယ်လို့ သိရပါတယ်။ DJ Soda အနေနဲ့ လေယာဉ်ဝန်ထမ်းတွေမှာ ဘောင်းဘီရှည်ကို ချွတ်ကာ ပြောင်းပြန်လှန်ဝတ်ခဲ့ရတာကြောင့် ရှက်စိတ်နဲ့ ကြောက်ရွံမှုပေါင်းကာ တုန်လှုပ်နေတယ်လို့ ဆိုပါတယ်။
DJ Soda ကတော့ သူ့အနေနဲ့ American Airlines ကို သပိတ်မှောက်သွားမယ်လို့ အခိုင်အမာဆိုခဲ့ပြီး နောက်လူတွေ သူလိုအဖြစ်မျိုး ထပ်မကြုံရအောင် American Airlines ကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သူက ဆိုပါတယ်။
Source: Koreaboo
-Zawgyi
■ ေလယာဥ္၀န္ထမ္းေတြရဲ႕ ဖိအားေပးမႈေၾကာင့္ ေဘာင္းဘီခၽြတ္ျပခဲ့ရတဲ့ နာမည္ေက်ာ္ DJ Soda
— – – ဘာမွမဟုတ္တဲ့ စာသားပါ၀င္တာေၾကာင့္ DJ Soda ဖိအားေပးခံခဲ့ရတာျဖစ္ၿပီး သူဟာ ရွက္စိတ္နဲ႔ ေၾကာက္ရြံစိတ္ေရာကာ တုန္လႈပ္ေနခဲ့တာပါ။ အေၾကာင္းအရာကုိ ပုံႏွိပ္ကုိ ဖတ္႐ႈႏုိင္ပါတယ္။
ကုိရီးယားရဲ႕ နာမည္ေက်ာ္ DJ တစ္ဦးျဖစ္တဲ့ DJ Soda ဟာ American Airlines ၀န္ထမ္းေတြရဲ႕ ဖိအားေပးမႈေၾကာင့္ အဆဲစာသားေတြ ပါ၀င္တဲ့ သူ႕ရဲ႕ေဘာင္းဘီကုိ ေလယာဥ္၀န္ထမ္းေတြ အားလုံးေရွ႕မွာ ခၽြတ္ျပခဲ့ရေၾကာင္း သူ႕ရဲ႕ Twitter မွာ ေရးတင္ခဲ့ပါတယ္။
ျဖစ္စဥ္က ဒီလုိပါ။ DJ Soda ဟာ JFK ကေန LAX သို႔ သြားရာမွာ သူ႕ကုိ စပြန္ဆာေပးထားတဲ့ “F**K YOU” စာသားပါ ေဘာင္းဘီရွည္ကုိ ၀တ္ဆင္ခဲ့တာျဖစ္ပါတယ္။ အဲဒီစာသားက အဆဲစာသားျဖစ္ေပမဲ့ DJ Soda အေနနဲ႔ အရင္တုန္းက ဘာျပႆနာ မျဖစ္ခဲ့ဘူးလုိ႔ သိရပါတယ္။
ဒါေပမဲ့ ဒီတစ္ေခါက္မွာေတာ့ DJ Soda ဟာ ျပႆနာနဲ႔ ႀကံဳရေတာ့တာပါပဲ။ LAX သို႔ သြားဖုိ႔ ေလယာဥ္ေပၚ တက္ဖုိ႔ ျပင္ေနစဥ္မွာ ေလယာဥ္၀န္ထမ္းေတြ ေရာက္ရွိလာၿပီး DJ Soda ၀တ္ထားတဲ့ ေဘာင္းဘီရွည္မွာ အဆဲစာလုံးပါေနလုိ႔ မရဘူးေျပာတယ္လုိ႔ ဆုိပါတယ္။
DJ Soda အေနနဲ႔ ေနာက္ေလယာဥ္တစ္စီးကုိ စီးဖုိ႔ စီစဥ္ခဲ့ေပမဲ့ LA မွာ အရမ္းအေရးႀကီးတဲ့ အစည္းအေ၀းရွိတာေၾကာင့္ အခက္ေတြ႕ခဲ့ရပါတယ္။ ဒါေပမဲ့ American Airlines ၀န္ထမ္းေတြဟာ DJ Soda ကို ေလယာဥ္ေပၚ ေပးမတက္ခဲ့ဘူးလုိ႔ DJ Soda က ဆုိပါတယ္။
ေနာက္ဆုံးမွာေတာ့ DJ Soda ဟာ American Airlines က ၀န္ထမ္းေတြေရွ႕မွာပဲ သူ႕ရဲ႕ “F**K YOU” စာသားပါ ေဘာင္းဘီရွည္ကုိ ခၽြတ္ကာ ေျပာင္းျပန္လွန္၀တ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။ အဲဒီအခ်ိန္မွာ ေလယာဥ္၀န္ထမ္းေတြက သူ႕ကုိ အမနာပစကားေတြ ေျပာခဲ့ၾကတယ္လုိ႔လည္း DJ Soda က ဆုိပါတယ္။
အဲဒီေနာက္မွာေတာင္ DJ Soda ကုိ ေခၚေဆာင္သြားဖုိ႔ တုံ႔ဆုိင္းေနခဲ့ၿပီး ေလယာဥ္ထြက္တာ တစ္နာရီေလာက္ ေနာက္က်ခဲ့တယ္လုိ႔ သိရပါတယ္။ DJ Soda အေနနဲ႔ ေလယာဥ္၀န္ထမ္းေတြမွာ ေဘာင္းဘီရွည္ကုိ ခၽြတ္ကာ ေျပာင္းျပန္လွန္၀တ္ခဲ့ရတာေၾကာင့္ ရွက္စိတ္နဲ႔ ေၾကာက္ရြံမႈေပါင္းကာ တုန္လႈပ္ေနတယ္လုိ႔ ဆုိပါတယ္။
DJ Soda ကေတာ့ သူ႕အေနနဲ႔ American Airlines ကို သပိတ္ေမွာက္သြားမယ္လုိ႔ အခုိင္အမာဆုိခဲ့ၿပီး ေနာက္လူေတြ သူလုိအျဖစ္မ်ဳိး ထပ္မႀကံဳရေအာင္ American Airlines ကုိ သပိတ္ေမွာက္ဖုိ႔ ဆုံးျဖတ္ခဲ့တာလုိ႔လည္း သူက ဆုိပါတယ္။
Source: Koreaboo