K pop

■ ဖက်ရှင်နဲ့ ပတ်သက်လို့ ရှားရှားပါးပါး ဝေဖန်ခံလိုက်ရတဲ့ G-Dragon

– – – K-Pop ရဲ့ no.1 style icon ဖြစ်နေဆဲဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပရိသတ်တွေက သူ့ကို မမှတ်မိလောက်အောင်ကို ဖြစ်ခဲ့ရတယ်လို့ …

BIGBANG ခေါင်းဆောင် G-Dragon ဟာ ပွဲထွက်ကတည်းက သူ့ရဲ့ပါရမီကြောင့် King of K-Pop လို့ သတ်မှတ်ခြင်းခံခဲ့ရသလို၊ အဲဒီကတည်းက သူ ဝတ်လိုက်တဲ့ အဝတ်အစားတိုင်း၊ ဖက်ရှင်၊ စတိုင်လ်တိုင်းက K-Pop Idol တွေ၊ လူငယ်တွေကို စိုးမိုးနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ no.1 style icon အဖြစ် ရပ်တည်နေတာပါ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ G-Dragon ဟာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့ ရှားရှားပါးပါး Netizen တွေဆီမှာ ဝေဖန်ခံရပါတယ်။ ဧပြီ (၂၄) ရက်က ပြပွဲတစ်ခုတက်ရောက်ခဲ့တဲ့ G-Dragon ကို Netizen တွေက “an unappealing appearance” လို့ ဝေဖန်ခံကြတာပါ။

သူတို့က အဲဒီပွဲမှာ G-Dragon ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက သူနဲ့ မလိုက်ဘူးလို့ ဆိုခဲ့ကြသလို၊ မျက်နှာပြောင်နဲ့ မုတ်ဆိတ်တွေ ရိုက်ထားခြင်းမရှိတာကြောင့် G-Dragon ရဲ့ visuals ကို ပျက်စေကြောင်းနဲ့ Style ကလည်း အရင်လို မမိုက်ဘူးလို့ မှတ်ချက်ပြုခဲ့ကြတာပါ။

ဒါပေမဲ့ တချို့ကလည်း ဒါဟာ ဘယ်သူနဲ့မှ မတူတဲ့ G-Dragon ရဲ့ စတိုင်လ်ဖြစ်ကြောင်းနဲ့ သူဘာနဲ့ သူတော့ ထူးခြားပါတယ်လို့ ဆိုခဲ့ကြပါတယ်။ G-Dragon ဟာ BIGBANG အဖွဲ့နဲ့အတူ Still Life သီချင်း ထုတ်ပြီးနောက်မှာ ၂၀၂၂ ဒုတိယနှစ်ဝက်အတွင်း Solo Comeback ပြုလုပ်ဖွယ်ရှိတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြနေကြပါတယ်။

Source: KBZ

 

-Zawgyi

■ ဖက္ရွင္နဲ႔ ပတ္သက္လုိ႔ ရွားရွားပါးပါး ေ၀ဖန္ခံလုိက္ရတဲ့ G-Dragon

— – – K-Pop ရဲ႕ no.1 style icon ျဖစ္ေနဆဲျဖစ္ေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့ ပရိသတ္ေတြက သူ႕ကုိ မမွတ္မိေလာက္ေအာင္ကုိ ျဖစ္ခဲ့ရတယ္လုိ႔ …

BIGBANG ေခါင္းေဆာင္ G-Dragon ဟာ ပဲြထြက္ကတည္းက သူ႕ရဲ႕ပါရမီေၾကာင့္ King of K-Pop လုိ႔ သတ္မွတ္ျခင္းခံခဲ့ရသလုိ၊ အဲဒီကတည္းက သူ ၀တ္လုိက္တဲ့ အ၀တ္အစားတုိင္း၊ ဖက္ရွင္၊ စတုိင္လ္တုိင္းက K-Pop Idol ေတြ၊ လူငယ္ေတြကုိ စုိးမုိးႏုိင္ခဲ့ၿပီး လက္ရွိအခ်ိန္ထိ no.1 style icon အျဖစ္ ရပ္တည္ေနတာပါ။

ဒါေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့ G-Dragon ဟာ ဖက္ရွင္ပုိင္းနဲ႔ပတ္သက္လုိ႔ ရွားရွားပါးပါး Netizen ေတြဆီမွာ ေ၀ဖန္ခံရပါတယ္။ ဧၿပီ (၂၄) ရက္က ျပပဲြတစ္ခုတက္ေရာက္ခဲ့တဲ့ G-Dragon ကုိ Netizen ေတြက “an unappealing appearance” လုိ႔ ေ၀ဖန္ခံၾကတာပါ။

သူတုိ႔က အဲဒီပဲြမွာ G-Dragon ၀တ္ဆင္ထားတဲ့ အ၀တ္အစားေတြက သူနဲ႔ မလုိက္ဘူးလုိ႔ ဆုိခဲ့ၾကသလုိ၊ မ်က္ႏွာေျပာင္နဲ႔ မုတ္ဆိတ္ေတြ ႐ုိက္ထားျခင္းမရွိတာေၾကာင့္ G-Dragon ရဲ႕ visuals ကုိ ပ်က္ေစေၾကာင္းနဲ႔ Style ကလည္း အရင္လုိ မမုိက္ဘူးလုိ႔ မွတ္ခ်က္ျပဳခဲ့ၾကတာပါ။

ဒါေပမဲ့ တခ်ဳိ႕ကလည္း ဒါဟာ ဘယ္သူနဲ႔မွ မတူတဲ့ G-Dragon ရဲ႕ စတုိင္လ္ျဖစ္ေၾကာင္းနဲ႔ သူဘာနဲ႔ သူေတာ့ ထူးျခားပါတယ္လုိ႔ ဆုိခဲ့ၾကပါတယ္။ G-Dragon ဟာ BIGBANG အဖဲြ႕နဲ႔အတူ Still Life သီခ်င္း ထုတ္ၿပီးေနာက္မွာ ၂၀၂၂ ဒုတိယႏွစ္၀က္အတြင္း Solo Comeback ျပဳလုပ္ဖြယ္ရွိတယ္လုိ႔ ကုိရီးယားမီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။

Source: KBZ

You cannot copy content of this page