Celebrity

■ သမ္မတလောင်းနဲ့ အစီအစဉ်ရိုက်ပြီးနောက် ဘဝမှ ပထမဆုံးအကြိမ် ဝေဖန်ခံနေရတဲ့ Yoo Jae Suk

– – – ပြည်သူ့အချစ်တော်၊ နိုင်ငံတော် MC ဖြစ်တဲ့ Yoo Jae Suk အနေနဲ့ ရှားရှားပါးပါး ပထမဆုံးအကြိမ် ဝေဖန်ခံရတဲ့ အကြောင်းကလည်း …

Yoo Jae Suk ဟာ သူ့ရဲ့ You Quiz On The Block အစီအစဉ်မှာ ရွေးကောက်ခံ သမ္မတလောင်း Yoon Seok Yeol ပါဝင်ပြီးနောက် သမ္မတလောင်းအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး Netizens တွေဆီမှာ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

သမ္မတလောက်းဟာ Yoon Seok Yeol ဟာ အဲဒီအစီအစဉ်မှာ မပါဝင်ခင်ကတည်းက အငြင်းပွားမှုတွေ ရှိခဲ့ပြီး သူ ပါဝင်ပြီးနောက် Yoo Jae Suk ဝေဖန်ခံနေရတာဖြစ်ပါတယ်။ အမြဲတမ်းပြုံးရယ်နေတတ်တဲ့ Yoo Jae Suk ဟာ သမ္မတလောင်းနဲ့ တွေ့ဆုံရာမှာ ခပ်တည်တည်ဖြစ်နေသလို၊ အစီအစဉ်ထုတ်လွှင့်မှုမှာလည်း သမ္မတလောင်းဟာ အချိန်အနည်းငယ်သာ ပါခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် Netizens တွေက ပြည်သူ့အချစ်တော်ဖြစ်တဲ့ Yoo Jae Suk ဝေဖန်နေကြတာဖြစ်ပြီး အစီအစဉ်မှာ နိုင်ငံရေးအရောင် ရောတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပါအဝင် Yoo Jae Suk ကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ တိုက်ခိုက် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုအချိန်မှာတော့ Yoo Jae Suk ရဲ့ အေဂျင်စီ Antenna က ဧပြီလ (၂၅) ရက်မှာ Yoo Jae Suk နဲ့ ပတ်သက်ာပြီး မဟုတ်မမှန်ပြောသူတွေ၊ သွားပုပ်လေလွင့်ပြောသူတွေကို အရေးယူသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Source: Koreaboo

 

-Zawgyi







Source: Koreaboo

You cannot copy content of this page