Celebrity

■ K-Pop Idol အဖြစ် ပွဲထွက်ခဲ့ဖူးတဲ့ Lee Kwang Soo ရဲ့ ချစ်သူ

– – – Lee Kwang Soo ရဲ့ ချစ်သူဟာ K-Pop Idol အဖြစ် ပွဲထွက်ခဲ့တယ်ဆိုရင် အံ့သြသွားမယ် ထင်တယ်။ သူက K-Pop Idol အဖြစ် ပွဲထွက်ခဲ့တဲ့ အဖွဲ့ကတော့ …

နာမည်ကျော် web-series “Work Later, Drink Now” မှာ ပါဝင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီး Lee Sun Bin ဟာ Lee Kwang Soo နဲ့ ချစ်သူအဖြစ် လက်တွဲခဲ့တာ အတော်လေးကို ကြာပါပြီ။

Lee Kwang Soo နဲ့ Lee Sun Bin တို့ဟာ ၂၀၁၈ ကတည်းက သူတို့တွဲနေကြောင်း တရားဝင်ကြေညာခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ Netizens တွေက မင်းသမီး Lee Sun Bin ရဲ့ အတိတ်က နောက်ကြောင်းတွေကိုပါ စိတ်ဝင်စားလာကြပြီး သူဟာ K-Pop Idol အဖြစ် ပွဲထွက်ခဲ့တာကို တွေ့ရှိခဲ့ကြတာပါ။

Lee Sun Bin ဟာ ၂၀၀၉ ခုနှစ်တုန်းက JQT လို့ အမည်ရတဲ့ ကောင်မလေး (၄) ယောက်ပါ အမျိုးသမီးအဖွဲ့နဲ့ ပွဲထွက်ခဲ့တာပါ။ အဲဒီအဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ “I’m in Love” သီချင်းနဲ့ ပွဲထွက်ခဲ့ပြီး အဲဒီနှစ် စက်တင်ဘာလမှာ Min Sun အဖွဲ့က ထွက်ခွာခဲ့တာကြောင့် Lee Sun Bin က အဖွဲ့ဝင်သစ်အဖြစ် ပါဝင်ခွင့်ရခဲ့တာပါ။

ဒါပေမဲ့ Lee Sun Bin ဟာ JQT နဲ့ ပရိုမိုးရှင်း လုပ်ခွင့်မရခဲ့ဘဲ အဲဒီအဖွဲ့ဟာ အောင်မြင်မှု ရဖို့ ရုန်းကန်ရတာကြောင့် ၂၀၁၂ ဖေဖော်ဝါရီ (၂၀) ရက်နေ့မှာ ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Lee Sun Bin ဟာ သရုပ်ဆောင်လောကကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Lee Sun Bin အနေနဲ့ K-Pop Idol အဖြစ် ပွဲထွက်ခဲ့တာကို အံ့သြနေကြပါတယ်။

Source: Soompi

 

-Zawgyi

■ K-Pop Idol အျဖစ္ ပဲြထြက္ခဲ့ဖူးတဲ့ Lee Kwang Soo ရဲ႕ ခ်စ္သူ

— – – Lee Kwang Soo ရဲ႕ ခ်စ္သူဟာ K-Pop Idol အျဖစ္ ပဲြထြက္ခဲ့တယ္ဆုိရင္ အံ့ၾသသြားမယ္ ထင္တယ္။ သူက K-Pop Idol အျဖစ္ ပဲြထြက္ခဲ့တဲ့ အဖဲြ႕ကေတာ့ …

နာမည္ေက်ာ္ web-series “Work Later, Drink Now” မွာ ပါ၀င္ၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ေတြကုိ သိမ္းပုိက္ထားႏုိင္တဲ့ မင္းသမီး Lee Sun Bin ဟာ Lee Kwang Soo နဲ႔ ခ်စ္သူအျဖစ္ လက္တဲြခဲ့တာ အေတာ္ေလးကုိ ၾကာပါၿပီ။

Lee Kwang Soo နဲ႔ Lee Sun Bin တုိ႔ဟာ ၂၀၁၈ ကတည္းက သူတုိ႔တဲြေနေၾကာင္း တရား၀င္ေၾကညာခဲ့တာ ျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ Netizens ေတြက မင္းသမီး Lee Sun Bin ရဲ႕ အတိတ္က ေနာက္ေၾကာင္းေတြကုိပါ စိတ္၀င္စားလာၾကၿပီး သူဟာ K-Pop Idol အျဖစ္ ပဲြထြက္ခဲ့တာကုိ ေတြ႕ရွိခဲ့ၾကတာပါ။

Lee Sun Bin ဟာ ၂၀၀၉ ခုႏွစ္တုန္းက JQT လုိ႔ အမည္ရတဲ့ ေကာင္မေလး (၄) ေယာက္ပါ အမ်ဳိးသမီးအဖဲြ႕နဲ႔ ပဲြထြက္ခဲ့တာပါ။ အဲဒီအဖဲြ႕ဟာ ၂၀၀၉ ခုႏွစ္မွာ “I’m in Love” သီခ်င္းနဲ႔ ပဲြထြက္ခဲ့ၿပီး အဲဒီႏွစ္ စက္တင္ဘာလမွာ Min Sun အဖဲြ႕က ထြက္ခြာခဲ့တာေၾကာင့္ Lee Sun Bin က အဖဲြ႕၀င္သစ္အျဖစ္ ပါ၀င္ခြင့္ရခဲ့တာပါ။

ဒါေပမဲ့ Lee Sun Bin ဟာ JQT နဲ႔ ပ႐ုိမုိးရွင္း လုပ္ခြင့္မရခဲ့ဘဲ အဲဒီအဖဲြ႕ဟာ ေအာင္ျမင္မႈ ရဖုိ႔ ႐ုန္းကန္ရတာေၾကာင့္ ၂၀၁၂ ေဖေဖာ္၀ါရီ (၂၀) ရက္ေန႔မွာ ဖ်က္သိမ္းခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ Lee Sun Bin ဟာ သ႐ုပ္ေဆာင္ေလာကကုိ ၀င္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ Lee Sun Bin အေနနဲ႔ K-Pop Idol အျဖစ္ ပဲြထြက္ခဲ့တာကုိ အံ့ၾသေနၾကပါတယ္။

Source: Soompi

You cannot copy content of this page