K pop

■ Comeback နဲ့ World Tour တစ်ပါတည်း လာမယ့် BLACKPINK

– – – (၁) နှစ်ခွဲကျော်ကြာမြင့်လာတဲ့ BLACKPINK အဖွဲ့ရဲ့ Comeback ဟာ သီချင်းပေါင်းများစွာ ပါဝင်တဲ့ …

BLACKPINK အဖွဲ့ဟာ ၂၀၂၀ အောက်တိုဘာမှာ သူတို့ရဲ့ ပထမဆုံး full-length album ဖြစ်တဲ့ “THE ALBUM” ကို ထုတ်ဝေပြီးကတည်းက Comeback ပြုလုပ်ခြင်းမရှိသေးတာကြောင့် ပရိသတ်တွေက သူတို့ရဲ့ Comeback ကို အတော်လေး မျှော်လင့်နေကြပါတယ်။

Comeback နဲ့ ပတ်သက်လို့ BLACKPINK အဖွဲ့ဝင်တွေက အစွန်းအစ ပြောဆိုတာတွေ ရှိပေမဲ့ အခုထက်ထိတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ဧပြီလ (၂၆) ရက်မှာတော့ Sports Dong-A က BLACKPINK အဖွဲ့ဟာ ဇွန်လအစောဆုံးထားပြီး Comeback လုပ်ဖို့ စီစဉ်နေတယ်လို့ အတိအလင်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ ထုတ်လွှင့်ခဲ့တဲ့ “The Game Caterers 2” အစီအစဉ်မှာ Jennie က “BLACKPINK အနေနဲ့ သိပ်မကြာခင်မှာ comeback လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ကျွန်မအနေနဲ့ ဒါကို ခွင့်ပြောခွင့်ရှိလားတော့ မသိဘူး။ ဒါပေမဲ့ ပြောချင်တာကို ပြောလိုက်ပါပြီ။ ကျေးဇူးပြုပြီး ကျွန်မတို့ကို အားပေးကြပါ”လို့ ဆိုခဲ့တာပါ။

ကိုရီးယားမီဒီယာတွေကတော့ BLACKPINK အဖွဲ့ဟာ ၂၀၂၂ ဒုတိယနှစ်ဝက်မှာ ကျိန်းသေပေါက် Comeback ပြုလုပ်မှာဖြစ်ပြီး အခုအချိန်မှာ ကိုဗစ်ကင်းလွတ်ခွင့်တွေပါ နိုင်ငံတော်တော်များများ ရှိနေပြီဖြစ်လို့ BLACKPINK အနေနဲ့ World Tour ပါ တစ်ပါတည်း ပြုလုပ်သွားရှိတယ်လို့ ဖော်ပြနေကြပါတယ်။

ပြီးတော့ BLACKPINK အနေနဲ့ Comeback ပြုလုပ်ရာမှာလည်း mini-Album မဟုတ်ဘဲ THE ALBUM လို့ full-length album ထုတ်ဖို့ စီစဉ်နေတာဖြစ်ပြီး သီချင်းအနည်းဆုံး (၈)ပုဒ်ကနေ (၁၀) ပုဒ်လောက်အထိ ပါဝင်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Source: Soompi

 

-Zawgyi

■ Comeback နဲ႔ World Tour တစ္ပါတည္း လာမယ့္ BLACKPINK

— – – (၁) ႏွစ္ခဲြေက်ာ္ၾကာျမင့္လာတဲ့ BLACKPINK အဖဲြ႕ရဲ႕ Comeback ဟာ သီခ်င္းေပါင္းမ်ားစြာ ပါ၀င္တဲ့ …

BLACKPINK အဖဲြ႕ဟာ ၂၀၂၀ ေအာက္တုိဘာမွာ သူတုိ႔ရဲ႕ ပထမဆုံး full-length album ျဖစ္တဲ့ “THE ALBUM” ကုိ ထုတ္ေ၀ၿပီးကတည္းက Comeback ျပဳလုပ္ျခင္းမရွိေသးတာေၾကာင့္ ပရိသတ္ေတြက သူတုိ႔ရဲ႕ Comeback ကုိ အေတာ္ေလး ေမွ်ာ္လင့္ေနၾကပါတယ္။

Comeback နဲ႔ ပတ္သက္လုိ႔ BLACKPINK အဖဲြ႕၀င္ေတြက အစြန္းအစ ေျပာဆုိတာေတြ ရွိေပမဲ့ အခုထက္ထိေတာ့ အတည္ျပဳႏုိင္ျခင္းမရွိေသးပါဘူး။ ဒါေပမဲ့ ဧၿပီလ (၂၆) ရက္မွာေတာ့ Sports Dong-A က BLACKPINK အဖဲြ႕ဟာ ဇြန္လအေစာဆုံးထားၿပီး Comeback လုပ္ဖုိ႔ စီစဥ္ေနတယ္လုိ႔ အတိအလင္း ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ မတ္လမွာ ထုတ္လႊင့္ခဲ့တဲ့ “The Game Caterers 2” အစီအစဥ္မွာ Jennie က “BLACKPINK အေနနဲ႔ သိပ္မၾကာခင္မွာ comeback လုပ္ဖုိ႔ ျပင္ဆင္ေနပါတယ္။ ကၽြန္မအေနနဲ႔ ဒါကို ခြင့္ေျပာခြင့္ရွိလားေတာ့ မသိဘူး။ ဒါေပမဲ့ ေျပာခ်င္တာကုိ ေျပာလုိက္ပါၿပီ။ ေက်းဇူးျပဳၿပီး ကၽြန္မတုိ႔ကုိ အားေပးၾကပါ”လုိ႔ ဆုိခဲ့တာပါ။

ကိုရီးယားမီဒီယာေတြကေတာ့ BLACKPINK အဖဲြ႕ဟာ ၂၀၂၂ ဒုတိယႏွစ္၀က္မွာ က်ိန္းေသေပါက္ Comeback ျပဳလုပ္မွာျဖစ္ၿပီး အခုအခ်ိန္မွာ ကိုဗစ္ကင္းလြတ္ခြင့္ေတြပါ ႏုိင္ငံေတာ္ေတာ္မ်ားမ်ား ရွိေနၿပီျဖစ္လုိ႔ BLACKPINK အေနနဲ႔ World Tour ပါ တစ္ပါတည္း ျပဳလုပ္သြားရွိတယ္လုိ႔ ေဖာ္ျပေနၾကပါတယ္။

ၿပီးေတာ့ BLACKPINK အေနနဲ႔ Comeback ျပဳလုပ္ရာမွာလည္း mini-Album မဟုတ္ဘဲ THE ALBUM လို႔ full-length album ထုတ္ဖုိ႔ စီစဥ္ေနတာျဖစ္ၿပီး သီခ်င္းအနည္းဆုံး (၈)ပုဒ္ကေန (၁၀) ပုဒ္ေလာက္အထိ ပါ၀င္ႏုိင္တယ္လုိ႔ ကၽြမ္းက်င္သူေတြက သုံးသပ္ေနၾကပါတယ္။

Source: Soompi

You cannot copy content of this page